လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် အခြေခံအင်္ဂလိပ်စာ Grammar သင်တန်း ဖွင့်လှစ်
Mar 13,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများအနေဖြင့် လူငယ်များ အသိပညာဖွံ့ဖြိုး တိုးတက်ရေး၊ ညဏ်ရည်ညဏ်သွေး မြင့်မားရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုတက်ရေးတို့ အတွက် သင်တန်းများ၊ လူငယ်စကားဝိုင်းများ၊ ဟောပြောပွဲများကို ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲ (၁)နာရီက ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် အခြေခံအင်္ဂလိပ်စာ Grammar သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။