သာစည် မတ် ၁၃
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ကျောင်းသား/သူများ နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်များကို အချည်းနှီးမဖြစ်စေဘဲ အကျိုးရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အခြေခံပန်းချီရေးဆွဲနည်းသင်တန်းနှင့် English Grammar သင်တန်းကို မတ် ၁၃ ရက် နံနက် ၈ နာရီခွဲက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသင်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် သင်တန်းစည်းကမ်းများကို ပြောကြားသည်။ ထို့နောက် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ဆရာဦးမြတ်ကို (ကလောင်အမည်) ကာတွန်းလူမင်းအောင်က စတင် သင်ကြားရာ သင်တန်းသား ကျောင်းသား/သူ ၅၂ ဦး တက်ရောက်ပြီး English Grammar သင်တန်းကို ဆရာဦးကျော်ကျော်က ဆက်လက်သင်ကြားရာ သင်တန်းသား ကျောင်းသား/သူ ၉၃ ဦးတို့ တက်ရောက်ကြကြောင်း သိရသည်။ အဆိုပါ သင်တန်းများ ဖွင့်လှစ်ပို့ချရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင်များ လာရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းများကို တနင်္လာနေ့မှ သောကြာနေ့အထိ နေ့စဉ် နံနက် ၈ နာရီခွဲတွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းနှင့် နံနက် ၁၀ နာရီတွင် English Grammar သင်တန်းပို့ချသွားမည်ဖြစ်ကြောင်းနှင့် မတ် ၃၁ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)