လက်ပံတန်း မတ် ၁၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဓာတုဗေဒဘာသာရပ် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့စာမေးပွဲဖြေဆိုပြီးချိန်တွင် ကျောင်းရှေ့၌ အားဖြည့်အချိုရည်များ ဝေငှပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဘုန်းလှိုင်နှင့်ဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌဒေါ်သက်သက်ညိုနှင့်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များက ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူ(၂၁၂)ဦးတို့အား Royal D အားဖြည့် အချိုရည်များ ဝေငှပေးခဲ့ပြီး အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)