မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် နွေရာသီအခြေခံ အားကစားသင်တန်းများ၏ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Mar 16,2023
လူငယ်လူရွယ်များအနေဖြင့် နွေရာသီအားလပ်ရက်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကျန်းမာ ကြံ့ခိုင်ပြီး အရည်အချင်းမြင့်မားသော အားကစားသမားကောင်းများ၊ နိုင်ငံ့သားကောင်း/ သမီးကောင်းများ ဖြစ်လာစေရန်အတွက် ရည်ရွယ်ပြီးဖွင့်လှစ်ခဲ့သော ၂၀၂၃ ခုနှစ်၊ နွေရာသီအခြေခံ အားကစား သင်တန်းများ၏ သင်တန်းဆင်းပွဲအခမ်းအနားကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ မိုးလုံလေလုံအားကစားခန်းမအတွင်း၌ ယမန်နေ့ မွန်းလွဲ (၁၄)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။