သတင်းများ

ပုသိမ်မြို့တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားကျင်းပ
Mar 16,2023
ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အခမ်းအနားကို စားသုံးသူရေးရာဦးစီးဌာန၊ ယမန်နေ့ နံနက်(၁၀)နာရီအချိန်၌ စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အင်းစိန်မြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနရုံးသို့ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဥ်ဖြင့် စာအုပ်များ ငှားရမ်းပေး
Mar 16,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့်ဝန်ထမ်းများ စာပေမှရရှိသည့် ဗဟုသုတများစွာရရှိစေရန်နှင့် စာပေကို လက်ဝယ်အရောက် ဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဥ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က အင်းစိန်မြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနရုံးသို့ သွားရောက်ငှားရမ်းပေးသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ကံပိုင်တည် စီးပွားရေးနယ်မြေ စီမံကိန်းဆိုင်ရာ ကိစ္စရပ်များနှင့် ၁၃၈၄ ခုနှစ် မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများသို့ တက်ရောက်
Mar 16,2023
ကချင်ပြည်နယ်အတွင်း မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက် လာစေရေးနှင့် ပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြန်မာ-တရုတ်နယ်စပ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် ထည်ထောင်အကောင်အထည်ဖော်ရေးဆိုင်ရာ ပြည်နယ်အဆင့်ကော်မတီအဖွဲ့ဝင်များ၊ မြန်မာဟိန်ရကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများနှင့် ကံပိုင်တည်စီးပွားရေး နယ်မြေစီမံကိန်းနှင့်စပ်လျဉ်း၍ မတ် ၁၅ ရက် နံနက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ညှိနှိုင်းဆွေးနွေးခဲ့သည်။
နတ်မောက်မြို့ မြို့မဈေးကြီး၌ ဘုရားပန်းဈေးကွက် ရောင်းအားသွက်လျက်ရှိနေ
Mar 16,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၊ မြို့မဈေးကြီး၌ ဘုရားပန်းအမျိုးမျိုးရောင်းချနေကြရာ ဘုရားပန်း ဈေးကွက်အတွင်း ရောင်းအားသွက်လက်ရှိနေကြောင်း ဘုရားပန်းရောင်းချသူ မကြူသင်း ထံက သိရသည်။ နတ်မောက် မြို့မဈေးကြီးတွင် ဘုရားပန်းမျိုးစုံရောင်းချနေသူများရှိနေပြီး ဈေး ဖွင့်ရက်နှင့် ဈေးပိတ်ရက်များ တွင်ပါ ဘုရားပန်းမျိုးစုံရောင်းချနေသည်ကို တွေ့ရသည်။
(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တောင်ကလေးတိုးချဲ့မြို့ပြအိမ်ရာ တောင်ဝိုင်းမင်္ဂလာဈေး
Mar 16,2023
(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့နယ်၊ တောင်ကလေးတိုးချဲ့ မြို့ပြအိမ်ရာ တောင်ဝိုင်းမင်္ဂလာဈေး ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီခန့်က အဆိုပါဈေးတည်နေရာ၌ ကျင်းပသည်။
လှည်းကူးမြို့နယ်၌ ငါးမွေးမြူရေးနည်းပညာပေးသင်တန်းဖွင့်လှစ်
Mar 16,2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ရှေ့လုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ လမ်းညွှန်မှာကြားချက်အရ အသား/ငါးကဏ္ဍတွင် ငါးမွေးမြူရေးမှဝင်ငွေများရရှိနိုင်စေရန်နှင့် နည်းပညာအကူညီပေးနိုင်ရေး ဆောင်ရွက်ရန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာန၏ ညွှန်ကြားချက်အပေါ် ရန်ကုန်တိုင်းဒေသကြီးအတွင်း စီမံချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ငါးမွေးမြူရေးနည်းပညာပေးသင်တန်းကို ယနေ့နံနက်(၉)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ (တံခွန်တိုင်/အင်းစိန်) ကျေးရွာ၊ ဘုန်းကြီးကျောင်း ဓမ္မာရုံတွင် ဖွင့်လှစ်သည်။     
ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒ ဘာသာရပ် ဆက်လက်ဖြေဆို
Mar 16,2023
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့၌ ကျင်းပလျက်ရှိရာ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက် ဖြေဆိုလျက်ရှိသည်။
“ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့” အထိမ်းအမှတ် အခမ်းအနားသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်
Mar 16,2023
၂၀၂၃ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနားကို မတ်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ဟားခါးမြို့၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာစကား ပြောကြားသည်။