တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်များ  ဆက်လက်ဖြေဆို

နေပြည်တော် မတ် ၁၆

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့၌ ကျင်းပလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့တွင် စတင်ကျင်းပခဲ့ရာ ယမန်နေ့က ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်များကို ဆက်လက်ဖြေဆိုခြင်းဖြစ်သည်။ ဦးစွာ စာမေးပွဲဖြေဆိုခြင်းမပြုမီ ဆရာ/ဆရာမများက စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်းနှင့် လိုအပ်သည့် စစ်ဆေးမှုများကို စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ပေးသည်။ 

တနင်္သာရီတိုင်းဒေသကြီး မြို့နယ်အသီးသီးရှိ စာစစ်ဌာနများတွင် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်များကို ဖြေဆိုကြရာတွင် ကော့သောင်းမြို့နယ်ရှိ စာစစ်ဌာန (၂)ခုတွင် ဘောဂဗေဒဘာသာရပ်ဖြေဆိုသူ (၁၄၅)ဦး၊ ဇီဝဗေဒဘာသာရပ်ဖြေဆိုသူ (၇၁) ဦး၊ ဘုတ်ပြင်းမြို့နယ်ရှိ အ.ထ.က(ဘုတ်ပြင်း)စာစစ်ဌာနတွင်  ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၅၈) ဦး၊ ခမောက်ကြီးမြို့နယ်ရှိ အ.ထ.က(ခမောက်ကြီး)စာစစ်ဌာနတွင်  ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၂၆) ဦး၊ ပလောက်မြို့နယ်ရှိ အ.ထ.က (ပလောက်) စာစစ်ဌာနတွင် ဇီဝဗေဒဘာသာရပ်ဝင်ရောက်ဖြေဆိုသူ (၂)ဦး၊ ဘောဂဒေဗဘာသာရပ် ဖြေဆိုသူ (၇၉) ဦး၊ ပုလောမြို့နယ်ရှိ အ.ထ.က (၁) စာစစ်ဌာနတွင် ကျောင်းသား/ကျောင်းသူ (၁၆၅)ဦး၊ တနင်္သာရီမြို့နယ်ရှိ အ.ထ.က(တနင်္သာရီ)စာစစ်ဌာနတွင် ဘောဂဗေဒဘာသာရပ်ကို ဖြေဆိုသူ (၁၄၉) ဦး၊ ပျက်ကွက် (၅၉)ဦး၊ ဇီဝဗေဒဘာသာရပ်တွင် ဖြေဆိုသူ (၁၂)ဦး၊ ပျက်ကွက်မရှိ၊ ကလိန်အောင်မြို့နယ်ရှိ အ.ထ.က(ကလိန်အောင်)စာစစ်ဌာနတွင်  ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၂၂) ဦး၊ သရက်ချောင်းမြို့နယ်ရှိ အ.ထ.က(သရက်ချောင်း)စာစစ်ဌာနတွင်  ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၇၅) ဦးတို့ဝင်ရောက်ဖြေဆိုကြသည်။  

တနင်္သာရီတိုင်းဒေသကြီးတွင် စာစစ်ဌာနစုစုပေါင်း (၁၉) ခုရှိပြီး ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့်အပြင်များတွင် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိကြောင်း သိရသည်။