ရေတာရှည်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ပန်းအလှထိုးနည်းသင်တန်းဖွင့်လှစ်

ရေတာရှည် မတ် ၁၆

ပဲခူးတိုင်းဒေသကြီး​၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တောင်ငူခရိုင် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်ကျောင်းတို့ပူးပေါင်း၍ ပန်းအလှထိုးနည်းသင်တန်းကို ယမန်နေ့မွန်းလွဲ နာရီက လူထုအခြေပြုဗဟိုဌာနတွင် ဖွင့်လှစ်ခဲ့သည်။

သင်တန်းတွင် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (တောင်ငူ) မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဌေးမြင့်က အမှာစကားပြောကြားခဲ့ပြီး အလှပန်းထိုးနည်း၊ စားပွဲတင်ပန်းအလှထိုးနည်း၊ လက်ကိုင်ပန်းထိုးနည်း၊ အလှူမင်္ဂလာဆောင်များတွင် ပန်းအလှဆင်ထိုးနည်းများကို လက်တွေ့သင်ကြားပေးခဲ့သည်။

အဆိုပါသင်တန်းတွင်၊ သင်တန်းသူ (၂၀) ဦး တက်ရောက်ခဲ့ပြီး အုပ်စုအလိုက်အဖွဲ့ခွဲ၍ လက်တွေ့ပန်းအလှထိုးခြင်း ဆောင်ရွက်ခဲကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)