တပ်ကုန်းမြို့၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအိတ်ထိုးနည်းသင်တန်းဖွင့်

တပ်ကုန်း မတ် ၁၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်က စီစဉ်ဆောင်ရွက်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအိတ်ထိုးနည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အဆိုပါ ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။

အဆိုပါ အခမ်းအနားတွင် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီးနောက် သင်တန်းနည်းပြဆရာမ ဒေါ်သင်းသန္တာဆွေက မြန်မာ့ရိုးရာလက်မှုပညာ အိတ်ထိုးနည်းသင်ကြားရခြင်း၏ ရည်ရွယ်ချက်၊ ချည်၊ အပ်များကောက်ယူနည်း၊ ချည်အရောင်ရောစပ်နည်းများနှင့် ဘော့ပင်၊ ဖုန်းထည့်အိတ်၊ ပိုက်ဆံအိတ်၊ လက်ကိုင်အိတ်၊ လည်စည်းပုဝါ ထိုးနည်းများ အကြောင်းစာတွေ့လက်တွေ့ သင်ကြားသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ အခြေခံအိတ်ထိုးနည်းသင်တန်းသို့ ကျောင်းသား လူငယ်စုစုပေါင်း ၂၅ ဦးတက်ရောက် သင်ကြားပြီး၊ သင်တန်းကာလကို မတ်လ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့ အထိ နေ့စဉ်မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီထိ သင်ကြားသွားမည်ဖြစ်ကြောင်း  သိရသည်။

တင်စိုးလွင်