သတင်းများ

အမ်းမြို့၌ အခြေခံစားသောက်ကုန်နှင့် ဟင်းသီးဟင်းရွက်များ သက်သာသော စျေးနှုန်းဖြင့် ရောင်းချပေး
Mar 16,2023
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမ်းတပ်နယ်မှ မြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူများ စားသောက်ရေး အထောက်အကူ ဖြစ်စေရန်အတွက် အခြေခံစားသောက်ကုန်ပစ္စည်းနှင့် ဟင်းသီးဟင်းရွက်များအား သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီအချိန်က အမှတ် (၃) စျေးရပ်ကွက်၌ ပြုလုပ်ခဲ့သည်။
မွန်​ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနား တက်ရောက်
Mar 16,2023
မွန်ပြည်နယ် မော်လမြိုင်မြို့ ၂၀၂၃ခုနှစ် မတ်လ ၁၅ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်
တောင်ကုတ်မြို့၌ လူငယ်နှင့်စီးကရက် အသိပညာပေး Talk Show ဆောင်ရွက်
Mar 16,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကုတ်မြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ယမန်နေ့ မွန်းလွဲပိုင်းက လူငယ်နှင့်စီးကရက် အသိပညာပေး Talk Show ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်များ ဆက်လက်ဖြေဆို
Mar 16,2023
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့၌ ကျင်းပလျက်ရှိရာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မူလနေရပ်သို့ ပြန်လည်ရွေ့ပြောင်းနေထိုင်ကြမည့် အိမ်ထောင်စုများအတွက် အထောက်အပံ့များပေးအပ်၊ ၁၃၈၄ ခုနှစ် မဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများသို့ တက်ရောက်
Mar 16,2023
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ ယာယီခိုလှုံရာစခန်း(၂)ခုမှ မူလနေရပ်ကျေးရွာများသို့ ပြန်လည်ရွှေ့ပြောင်း၍ နေထိုင်ကြမည့် အိမ်ထောင်စုများအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ဆန်ရိက္ခာ၊ ဆီနှင့်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို မတ် ၁၅ ရက် နံနက် ၇ နာရီခွဲက ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဦးဆောင်သည့် တာဝန်ရှိသူများသည် အဆိုပါယာယီခိုလှုံရာ စခန်းများသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။
ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Mar 16,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပျဉ်းမနားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများနှင့် စီပွားရေးလုပ်ငန်းရှင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
မင်းဘူးခရိုင်အတွင်မှ ကြံ့ခိုင်မှုမရှိသော နေအိမ်အလုံး (၂၀၀) အား လေပြင်းတိုက်ခတ်သည့်ဘေးမှ ကြိုတင်ကာကွယ်နိုင်ရန်  အိုးအိမ်ဖြည့်တင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပေး
Mar 16,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းရှိ ကျေးရွာများတွင် ဆင်းရဲနွမ်းပါးပြီး သဘာဝဘေး ကျရောက်လာပါက ကြံ့ခိုင်မှုမရှိသော နေအိမ်အလုံး (၂၀၀)အား အိုးအိမ်းဖြည့်တင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ကေသွယ်ဝင်း ဦးဆောင်ပြီး မတ်လ ၁၄ ရက်နေ့မှ စတင်ကာ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ သနပ္ပင်စုကျေးရွာ၊ ကျောင်းကုန်းကြီးကျေးရွာများ၊ စလင်းမြို့နယ်အတွင်းရှိ သစ်ခွင်ကျေးရွာနှင့် လေးရွာကျေးရွာများရှိ တစ်ရွာလျှင် အိမ် (၅၀)နှင့် စုစုပေါင်း နေအိမ်အလုံး (၂၀၀)တို့အား မိုးကြိုကာလ လေဘေးကြိုတင်ကာကွယ်ရေးအတွက် အိုးအိမ်ဖြည့်တင်း ပြင်ဆင်ခြင်းလုပ်ငန်းများကို ပြုလုပ်ပေးလျက် ရှိသည်။
တပ်ကုန်းမြို့၌ နွေရာသီ အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဖွင့်လှစ်
Mar 16,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသားကလေးငယ်များ ဉာဏ်ရည်ပိုမိုဖွံ့ဖြိုးလာစေရေးနှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ဖွင့်လှစ်သင်ကြား ပေးသည့် အခြေခံပန်းချီရေးဆွဲနည်းသင်တန်း ဒုတိယရက်နေ့တွင် သင်တန်းသားများ ထပ်မံတိုးလာကြောင်း သိရသည်။