သတင်းများ

တိုက်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ အင်္ဂလိပ်စာနှင့်ကွန်ပျူတာသင်တန်း အခမဲ့ဖွင့်လှစ်
Mar 15,2023
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အင်္ဂလိပ်စာ စကားပြောနှင့် သဒ္ဒါအသုံးအနှုန်းများကျွမ်းကျင်စွာတတ်မြောက်စေရန်၊ ကွန်ပျူတာကျွမ်းကျင်တတ်မြောက်စွာ အသုံးပြုတတ်စေရန်ရည်ရွယ်၍ အင်္ဂလိပ်စာနှင့် ကွန်ပျူတာသင်တန်းအခမဲ့ဖွင့်လှစ်ခြင်းကို တိုက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။
သပိတ်ကျင်းမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူများအား အား​ဖြည့်အချိုရည်များ ပေးဝေ
Mar 15,2023
မန္တ​လေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူများအား ယနေ့နေ့လယ် ၁၂ နာရီကအားဖြည့်အချိုရည်များ ပေးဝေခဲ့ကြောင်း သိရသည်။
ဒဂုံမြောက်၌ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီနှင့် မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းမှလှူဒါန်းသည့် စာအုပ်စာစောင်များပေးအပ်ပွဲ အခမ်းအနားကျင်းပ
Mar 15,2023
ပြည်သူများနှင့်လူငယ်များ အလွယ်တကူ စာပေလေ့လာဖတ်ရှုစေနိုင်ရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတတိုးပွားလာစေရန်၊ အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်စေရန်၊ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်ပြီး ယဉ်ကျေးသိမ်မွေ့၍ ကိုယ်ကျင့်တရားကောင်းမွန်သည့် လူငယ်လူရွယ်များပေါ်ထွန်းလာစေရန် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပြည်သူ့စာကြည်တိုက်ကိုဖွင့်လှစ်၍ စာအုပ်စာစောင်များ ငှားရမ်းဆောင်ရွက်လျက်ရှိပြီး ရပ်ကွက်ကျေးရွာ စာကြည့်တိုက်များသို့လည်း စာအုပ်‌စာစောင်များကို လှူဒါန်းဆောင်ရွက်‌ပေးလျက်ရှိရာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ရပ်ကွက်စာကြည့်တိုက်များသို့ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီနှင့် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းမှလှူဒါန်းသည့် စာအုပ်စာစောင်များ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ဘုတ်ပြင်းမြို့တွင်  တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများအား အားဖြည့်အချိုရေနှင့် အာဟာရပြည့်မုန့်များပေးဝေ
Mar 15,2023
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ၊ အထက-ဘုတ်ပြင်းစာစစ်ဌာနတွင်  ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြသည့် ကျောင်းသား၊ကျောင်းသူများအား အားဖြည့်အချိုရေနှင့် အာဟာရပြည့် မုန့်များ ဖြန့်ဝေ
ခရိုင်ကလေးသူငယ်အခွင့်အရေးများ‌ဆိုင်ရာ ကော်မတီအစည်းအဝေး (၃/၂၀၂၃) ကျင်းပ
Mar 15,2023
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင် ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲ(၁)နာရီ၌ ခရိုင်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
သထုံခရိုင် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ
Mar 15,2023
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာပေချစ်မြတ်နိုးသူများ(Book Club)အဖွဲ့နှင့် မြို့နယ်စာရေးဆရာများအသင်း တို့ ပူးပေါင်းကာ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သည်။
(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပျော်ဘွယ်မြို့နယ် လျှပ်စစ်ဓာတ်အားခွဲရုံ (ယင်းတော်)ဖွင့်လှစ်ပွဲ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက်ချီးမြှင့်
Mar 15,2023
(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပျော်ဘွယ်မြို့နယ် လျှပ်စစ်ဓာတ်အားခွဲရုံ(ယင်းတော်)ဖွင့်လှစ်ပွဲ အခမ်းအနားကို မတ်လ(၁၅)ရက်၊ နံနက်(၉)နာရီခွဲက ဒဟုတ်ကုန်းကျေးရွာအုပ်စု၊ ကျောင်းရွာကျေးရွာအနီးရှိ အဆိုပါဓာတ်အားခွဲရုံတွင်ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။
ပဲခူးမြို့ အ.ထ.က(၁)စာစစ်ဌာန၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနေသော ကျောင်းသား၊ ကျောင်းသူများအား အားဖြည့်အချိုရည်များဝေငှ
Mar 15,2023
ပဲခူးမြို့တွင် ၂၀၂၃ ခုနှစ်၊ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်စာ‌မေးပွဲအား ဖြေဆိုလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့စာမေးပွဲဖြေဆို​ပြီးချိန်တွင် အ.ထ.က(၁)ကျောင်းရှေ့၌ အားဖြည့်အချိုရည်များ ဝေငှပေးခဲ့ ကြောင်း သိရသည်။