သတင်းများ

မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် ကြည့်ရှု စစ်ဆေးခဲ့ပြီး နေအိမ်များ ကြိုတင်ရွှေ့ပြောင်းခဲ့သည့် မိသားစုဝင်များနှင့် ဒေသခံပြည်သူများအား တွေ့ဆုံအားပေး
Mar 16,2023
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ကုက္ကိုဝကျေးရွာတွင် ပန်းလှိုင်မြစ် ရေတိုက်စားမှုကြောင့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ကမ်း‌ခြေမှ အလျား ၂၀၀ပေ၊ အနံ ၂၅ပေခန့် မြစ်ကမ်းပါးပြိုကျမှု ဖြစ်ပွားခဲ့ပြီး နေအိမ်များ ကြိုတင်ရွှေ့ပြောင်းခဲ့ရသည့် မိသားစုဝင်များနှင့် ဒေသခံပြည်သူများအား တိုင်းဒေသကြီး ဝန်ကြီးချူပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေပိုင်းတွင် သွားရောက်တွေ့ဆုံ အားပေးစကားများ ပြောကြားခဲ့သည်။
ဂွမြို့တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲ ကျင်းပ
Mar 16,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲကို ယနေ့ မွန်းလွဲ ၂နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
နမ့်ဆန်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အခြေခံကွန်ပျူတာသင်တန်းဖွင့်လှစ်
Mar 16,2023
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် လူငယ်များအတွက် အခြေခံကွန်ပျူတာသင်တန်းကို ယမန်နေ့ မွန်းလွဲပိုင်း(၂)နာရီအချိန်က ဖွင့်လှစ်ခဲ့ ကြောင်းသိရသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Mar 16,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် မဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖျာပုံမြို့၌ (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 16,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် ယမန်နေ့ နေ့လယ်(၁၂) နာရီအချိန်က ဖျာပုံမြို့ အ.ထ.က-၁ကျောင်းနှင့် အ.ထ.က-၂ ကျောင်းများတွင် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုအပြီး၊ ကျောင်းသား၊ ကျောင်းသူများအား၊ သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ကျောက်တော်မြို့နယ် Community Centre ၌လမ်းလျှောက်ခြင်းနှင့်ကျန်းမာရေးအသိပညာပေး Talk Show ပြုလုပ်
Mar 16,2023
 မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌လမ်းလျှောက်ခြင်းနှင့်ကျန်းမာရေးအသိပညာပေး Talk Show ကို ယနေ့မွန်းလွဲ ၁  နာရီက မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမအတွင်း ပြုလုပ်ခဲ့သည်။
ပခုက္ကူမြို့၌ နွေရာသီကျောင်းပိတ်ရက်ကာလ အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဆင်းပွဲကျင်းပ
Mar 16,2023
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်နှင့် ပန်းချီရေးဆွဲနည်း အတတ်ပညာများကို အခြေခံမှစပြီးသိရှိကာ စနစ်တကျရေးဆွဲ တတ်စေရန်ရည်ရွယ်ပြီး ဖွင့်လှစ်သည့် အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၉ နာရီ အချိန်က ပခုက္ကူမြို့ရှိ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပ ပြုလုပ်သည်။
(၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 16,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိဒေါ်ဌေးဌေးလှိုင်နှင့် ဝန်ထမ်းများက  (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့မွန်းလွဲ ၁၂ နာရီ အချိန်တွင် အ.ထ.က (၁)၊ အ.ထ.က(၂)ကျောင်းနှင့် အ.ထ.က ကြို့ကုန်းစာစစ်ဌာနတို့မှ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုပြီးအပြန် ကျောင်းသား/သူများနှင့် စာစစ်ဌာနများတွင် လုံခြုံရေး ဆောင်ရွက်နေသည့် တာဝန်ရှိသူများအား ဖြန့်ဝေပေးခဲ့သည်။