နတ်မောက် မတ် ၁၆
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် သစ်တောဦးစီးဌာနမှ မြို့မယာယီပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း (၂၁၀၂၀၀)ပင် ပျိုးထောင်းထားရှိပြီး ရပ်ကွက်/ကျေးရွာ၊ ဌာနဆိုင်ရာများ၊ ကျောင်းများအတွင်း ၂၀၂၃ မိုးရာသီကာလတွင် စိုက်ပျိုးရန် အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နတ်မောက်မြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် ဒေသအတွင်း စိမ်းလန်းစိုပြေရေး နှစ်စဉ်ပျိုးပင်များ ပျိုးထောင်လျက်ရှိကြောင်းနှင့် ရာသီဥတုကောင်းမွန်မျှတလာစေရန်အတွက် ပြည်သူများ၏ နေအိမ်ခြံဝန်းများ၊ အခြေခံပညာရေးကျောင်းဝန်းများ အတွင်း၊ ဌာနဆိုင်ရာရုံးများအတွင်း စိုက်ပျိုးနိုင်ရန် ကျွန်း၊ ပိတောက်၊ ခရေ၊ ငုရွှေဝါ၊ ပျဉ်းကတိုး၊ ဖျောက်ဆိပ်၊ ရေတမာ၊ စိန်ပန်းပြာ၊ စိန်ပန်းနီ၊ ခရေ၊ ကံ့ကော် စသည့် ပျိုးပင်အမျိုးအစား (၂၁)မျိုးရှိပြီး ပျိုးပင်ပေါင်း (၂၁၀၂၀၀) ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာန ဦးစီးမှူးထံမှ သိရသည်။
လှဝင်း