နောင်ချိုမြို့ သဖန်းကိုင်းပရဟိတ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ပညာရေးငွေပဒေသာပင် အလှူငွေလှူဒါန်း

နောင်ချို မတ် ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်း ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်းငွေပဒေသာပင်အဖြစ် အလှူငွေ    ကျပ်ငါးသိန်းကို ယနေ့ နံနက်ပိုင်းက လှူဒါန်းခဲ့ကြောင်း သိရသည်။

လှူဒါန်းရာတွင် နောင်ချိုမြို့ အင်းဝိုင်းသကြားစက်နေ ဒေါ်စိန်အေးမွေးနေ့အလှူအဖြစ် ပညာရေးထာဝရငွေပဒေသာပင် အလှူတော်ငွေကျပ်ငါးသိန်းကို  ဆက်ကပ် လှူဒါန်းခဲ့ရာ သဖန်းကိုင်းဆရာတော်မှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည် ပေးအပ်ခဲ့​​ကြောင်းသိရသည်။

သဖန်းကိုင်းပရဟိတ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် သံဃာတော်များ၊ ဆရာ၊ ဆရာမများ နှင့် ကျောင်းသား၊ ကျောင်းသူ   စုစုပေါင်း (၂၀၀)ကျော်ရှိပြီး အဆိုပါ ကျောင်းသား၊ ကျောင်းသူများ၏ ဘာသာရေး၊ ကျန်းမာရေး၊ ပညာရေးကိစ္စများကို ဆရာတော်မှ အနီးကပ်ကြီးကြပ် စောင့်ရှောက်ပေးလျက်ရှိသည့်အပြင် အခမဲ့ကွန်ပျူတာသင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်းနှင့် အာယုဒါန(အခမဲ့) ဆေးခန်းကိုလည်း ဖွင့်လှစ်ထားရှိကာ လူမျိုးဘာသာမရွေး လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သဖန်းကိုင်းပရဟိတ ဆရာတော်ထံမှ သိရသည်။

ထွေးငယ်(နောင်ချို၊ပြန်/ဆက်)