မန်တုံ မတ် ၁၆
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျောင်းသား လူငယ်များ စာပေဖတ်ရှုခြင်းအလေ့အထရရှိစေရန်၊ ရည်ရွယ်ချက်ခိုင်မာ၍ မိမိကိုယ်ကိုယ်ယုံကြည်မှု ရှိစေရန်၊ စိတ်အားထက်သန်မှုရရှိ၍ ထူးချွန်ကျွမ်းကျင်မှုများရှိစေရန်၊ ကြိုတင်ပြင်ဆင်တတ်၍ ကိုယ့်အားကိုယ်ကိုးတတ်စေရန်၊ ကိုယ်ကျင့်စာရိတ္တကောင်းမွန်စေရန် ရည်ရွယ်၍ ယမန်နေ့ နံနက်(၉:၃၀)နာရီ အချိန်က ဒို့ကျေးရွာဂျာနယ် အတွဲ (၂၀)၊ အမှတ်(၂)မှစာရေးဆရာ ရွှေရောင်ဝင်းဝါ ရေးသားထားသော “ကံကောင်းဖို့ရာ မခက်ပါ” ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကို ကျင်းပခဲ့သည်။
စာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးအရာရှိ ဒေါ်ယုယုအောင်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနများ၌ စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးခြင်းဖြင့် အဖွဲ့အစည်းများနှင့်ပူးပေါင်း ဆောင်ရွက်တတ် ရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့ အကျင့်ကောင်းများရရှိစေရန်၊ စာအုပ်စာပေမှ ရရှိသော ဗဟုသုတများဖြင့် အများအကျိုးဆောင်ရွက် နိုင်စေရန်၊ လူတိုင်းစာဖတ်ခြင်း အလေ့အထဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်း ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မရန်သားမီးမှ ကိုယ့်ရည်မှန်းချက်နှင့်သက်ဆိုင်ရာများကို အမြဲတစေလေ့လာဆည်းပူး သင့်ခြင်းများအားလည်းကောင်း၊ မဗျာသားမီးမှ သူတစ်ပါးနှင့်ဆက်ဆံပြောဆိုရာမှာ၊ ဖုန်းဖြင့် ပြောဆိုရာမှအစ မိမိကိုယ်ကိုယ်ယုံကြည်မှု အပြည့်အဝရှိရခြင်း အကြောင်းအရာများအားလည်းကောင်း၊ မောင်မိုင်းနေအောင်မှ ကိုယ်ကျင့်စာရိတ္တနှင့် ပတ်သက်၍ သူများကိုမနှိပ်စက်၊ မသတ်ဖြတ်၊ အနိုင်မကျင့်၊ သူတစ်ပါး ပစ္စည်းမသိဘဲမယူ၊ မခိုး၊ မဝှက်၊ မလုယက်၊ မူးယစ်ဆေးဝါး၊ အရက်သေစာ မမှီဝဲ၊ ကာမဂုဏ် အပျော်အပါး၊ မတော်မတရားမပြု၊ လိမ်ညာမုသား၊ လှည့်စားမှုများကင်းရှင်း ရခြင်းအစရှိသည်များကို တက်ရောက်လာသူ ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များမှ တစ်ဦး ချင်းဖတ်ကြားပြီးခေါင်းစဉ်ပါ အကြောင်းအရာများ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
မန်တုံ(ပြန်/ဆက်)