နတ်မောက် မတ် ၁၆
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၊ မြို့မဈေးကြီး၌ ဘုရားပန်းအမျိုးမျိုးရောင်းချနေကြရာ ဘုရားပန်း ဈေးကွက်အတွင်း ရောင်းအားသွက်လက်ရှိနေကြောင်း ဘုရားပန်းရောင်းချသူ မကြူသင်း ထံက သိရသည်။ နတ်မောက် မြို့မဈေးကြီးတွင် ဘုရားပန်းမျိုးစုံရောင်းချနေသူများရှိနေပြီး ဈေးဖွင့်ရက်နှင့် ဈေးပိတ်ရက်များ တွင်ပါ ဘုရားပန်းမျိုးစုံရောင်းချနေသည်ကို တွေ့ရသည်။ ဗုဒ္ဓဘာသာဝင် အများ စုနေထိုင်သည့် နတ်မောက်မြို့နယ်တွင် ကျေးလက်ဒေသနေပြည်သူများ မြို့ပေါ် ရပ်ကွက် ပြည်သူများသည် မိမိတို့နေအိမ် ဈေးဆိုင်ခန်းများရှိ ဘုရားဆောင်များတွင် ဗုဒ္ဓမြတ်စွာဘုရားကို ရည်မှန်း၍ ဘုရားပန်းများဝယ်ယူ လှူဒါန်းပူဇော် ကြကြောင်း ဈေးကွက်တွင်းရောင်းချနေသော ဘုရားပန်းအမျိုးမျိုးရှိရာ ဂန္ဓာပန်းရောင်စုံ၊ သပြေပန်းအခက်၊ သပြေငုတ်၊ မေမြို့ပန်းများ၊ အော်စတာပန်းများ၊ ရေမွှေးပန်းများ၊ အနီရောင်နှင်းဆီပန်းများ ရောင်းချလျက်ရှိကြောင်း၊ သပြေငုတ်များကို နေပြည်တော်နှင့် အခြားဒေသများမှ မှာယူရောင်းချကြောင်း၊ ပန်း ဈေးကွက်မှာ ရောင်းအားသွက်လျက်ရှိကြောင်း ပန်းမျိုးစုံရောင်းချသူ မသင်းကပြောသည်။ ပန်းဈေးကွက်တွင် သပြေငုတ် အကြီးအသေးလိုက်ပြီး သပြေတစ်ငုတ် လျှင် (၁၀၀၀)ကျပ်၊ ဂန္ဓမာပန်း(၅)ခက် ပါတစ်စည်းလျှင် (၁၀၀၀) ကျပ်၊ နှင်းဆီပန်းတစ်ပွင့်လျှင် (၃၀၀)ကျပ်နှုန်း ရောင်းချနေကြကြောင်း ဘုရားပန်း ဝယ်ယူသူများထံက သိရသည်။
မူမူစန်း