ဆင်ပေါင်ဝဲမြို့နယ်၌ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 16,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည် မြှင့်တင်ရေးလုပ်ငန်းဆပ်ကော်မတီမှ ထုတ်ဝေသော "ကလေးအလုပ်သမားပပျောက်ရေး" လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်လင်းနှင့် ဝန်ထမ်းများက စာကြည့်တိုက်သို့ စာအုပ်လာရောက်ငှားရမ်းကြသည့် ကျောင်းသား/သူများ၊ လမ်းသွားလမ်းလာပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြသည်။