နေပြည်တော် မတ် ၁၆
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့၌ ကျင်းပလျက်ရှိရာ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက် ဖြေဆိုလျက်ရှိသည်။
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့တွင် စတင်ကျင်းပခဲ့ရာ ယမန်နေ့က ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ဖြေဆိုခဲ့ကြသည်။ ဦးစွာစာမေးပွဲဖြေဆိုခြင်းမပြုမီ ဆရာ/ဆရာမများက စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်းနှင့် လိုအပ်သည့်စစ်ဆေးမှုများကို စာမေးပွဲ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဆောင်ရွက်ပေးသည်။
ရခိုင်ပြည်နယ်၏ မြို့နယ်အသီးသီးရှိ စာစစ်ဌာနများတွင် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ဖြေဆိုကြရာတွင် အမ်းမြို့နယ်အတွင်းရှိ စာစစ်ဌာန (၄) ခုတွင် ဇီဝဗေဒဘာသာရပ် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၆၆၇) ဦး၊ ပျက်ကွက်သူ (၁၂၁) ဦး၊ ဘောဂဗေ ဘာသာရပ် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၃၅) ဦး၊ ပျက်ကွက်သူ (၅) ဦး၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ စာစစ်ဌာန (၄) ခုတွင် ဇီဝဗေဒဘာသာရပ်နှင့်ဘောဂဗေဒဘာသာရပ် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၁၈၉) ဦး၊ ပျက်ကွက်သူ (၁၈၈) ဦး၊ ကျောက်တော် မြို့နယ်အတွင်းရှိ စာစစ်ဌာန (၃)ခုတွင် ဇီဝဗေဒ ဘာသာရပ် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၄၄) ဦး၊ ပျက်ကွက်သူ (၁၈) ဦး၊ ဘောဂဗေဒဘာသာရပ် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၆၇၀) ဦး၊ ကျောက်ဖြူမြို့နယ် အတွင်းရှိ စာစစ်ဌာန (၇) ခုတွင် ဇီဝဗေဒ ဘာသာရပ် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၁၁) ဦး၊ ပျက်ကွက်သူ (၁၃) ဦး၊ ဘောဂဗေဒဘာသာရပ် ဝင်ရောက် ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၇၀၅) ဦး၊ ပျက်ကွက်သူ (၂၈၃) ဦး၊ ကျိန္တလီမြို့နယ်အတွင်းရှိ စာစစ်ဌာန (၂) ခုတွင် ဇီဝဗေဒဘာသာရပ် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၅) ဦး၊ ပျက်ကွက်သူ (-) ဦး၊ ဘောဂဗေဒဘာသာရပ် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၆၄) ဦး၊ ပျက်ကွက်သူ (၁၀) ဦး၊ မအီမြို့နယ်အတွင်းရှိ စာစစ်ဌာန (၂) ခုတွင် ဇီဝဗေဒဘာသာရပ် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၅) ဦး၊ ပျက်ကွက်သူ (-) ဦး၊ ဘောဂဗေဒဘာသာရပ် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၆၁) ဦး၊ ပျက်ကွက်သူ (၅၉) ဦး၊ မာန်အောင်မြို့နယ်အတွင်းရှိ စာစစ်ဌာန (၂) ခုတွင် ဇီဝဗေဒဘာသာရပ် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၂၁) ဦး၊ ပျက်ကွက်သူ (၅) ဦး၊ ဘောဂဗေဒဘာသာရပ် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၃၁၄) ဦး၊ ပျက်ကွက်သူ (၅၇) ဦး၊ မြောက်ဦးမြို့နယ်အတွင်းရှိ စာစစ်ဌာန (၃) ခုတွင် ဇီဝဗေဒဘာသာရပ် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၂၈) ဦး၊ ပျက်ကွက်သူ (၆) ဦး၊ ဘောဂဗေဒ ဘာသာရပ် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၈၄၄) ဦး၊ ပျက်ကွက်သူ (၉၀) ဦး၊ ငပလီမြို့အတွင်းရှိ စာစစ်ဌာန (၂) ခုတွင် ဇီဝဗေဒဘာသာရပ် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ ကျောင်းသူ (၁၃) ဦး၊ ဘောဂဗေဒဘာသာရပ် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၂၈၃) ဦး၊ ပျက်ကွက်သူ (၆) ဦး၊ ပေါက်တောမြို့အတွင်းရှိ စာစစ်ဌာန(၅) ခုတွင် ဇီဝဗေဒဘာသာရပ် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၃) ဦး၊ ဘောဂဗေဒဘာသာရပ် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၂၈၃) ဦး၊ ပျက်ကွက်သူ (၆) ဦး၊ သံတွဲမြို့အတွင်းရှိ စာစစ်ဌာန(၅)ခုတွင် ဇီဝဗေဒဘာသာရပ် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ ကျောင်းသူ (၅၃) ဦး၊ ပျက်ကွက်သူ (၃) ဦး၊ ဘောဂဗေဒဘာသာရပ် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၇၇၁) ဦး၊ ပျက်ကွက်သူ (၁၀၂) ဦး၊ တောင်ကုတ်မြို့အတွင်းရှိ စာစစ်ဌာန(၂)ခုတွင် ဇီဝဗေဒဘာသာရပ် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၆၂) ဦး၊ ဘောဂဗေဒဘာသာရပ် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ ကျောင်းသူ (၇၇) ဦး၊ ရမ်းဗြဲမြို့အတွင်းရှိ စာစစ်ဌာန(၃)ခုတွင် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒ ဘာသာရပ် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ ကျောင်းသူ (၆၁၂) ဦး ပျက်ကွက် (၁၀၈) ဦး၊ တောင်ပြိုလက်ဝဲမြို့အတွင်းရှိ စာစစ်ဌာနတွင် ဇီဝဗေဒဘာသာရပ် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ ကျောင်းသူ(၃)ဦး၊ ပျက်ကွက်သ(၁)ဦး၊ ဘောဂဗေဒဘာသာရပ် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၄၂) ဦးတို့ဖြစ်သည်။
ရခိုင်ပြည်နယ်တွင် စာစစ်ဌာနစုစုပေါင်း (၆၀) ခုရှိပြီး ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့်အပြင်များတွင် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင် များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိ ကြောင်း သိရသည်။
အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့တွင် စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး မတ်လ ၁၁ ရက်နေ့ (စနေနေ့) နှင့် ၁၂ ရက်နေ့ (တနင်္ဂနွေနေ့)တို့ကို ပိတ်ရက်အဖြစ် သတ်မှတ်ထားကာ မတ်လ ၁၃ ရက်နေ့ (တနင်္လာနေ့)တွင် ဓာတုဗေဒဘာသာရပ်ကို ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။