ပုသိမ်မြို့တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားကျင်းပ

ပုသိမ် မတ် ၁

ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အခမ်းအနားကို စားသုံးသူရေးရာဦးစီးဌာန၊ ယမန်နေ့ နံနက်(၁၀)နာရီအချိန်၌ စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီ ဒု-ဥက္ကဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာ၀န်ကြီးဦးအုန်းမြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီအတွင်းရေးမှူး တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးအောင်က ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဧရာ၀တီတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးထွန်းထွန်းက တိုင်းဒေသကြီးအတွင်းရှိခရိုင်၊ မြို့နယ်များတွင် စားသုံးသူကာကွယ်ရေးနှင့် ပြည်တွင်းရှိစားသုံးသူတိုင်ကြားမှုများအပေါ် ဖြေရှင်းဆောင်ရွက်ပေးမှုအချို့ကို ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ Video clip များပြသခဲ့သည်။ တက်ရောက်လာကြသည့် စားသုံးသူပြည်သူများကို စားသုံးသူအခွင့်အရေးများနှင့်စပ်လျဉ်း၍ ဉာဏ်စမ်းပဟေဠိမေးခွန်းများ မေးမြန်းခြင်း၍ ဆုလက်ဆောင်များ ပေးအပ်ကာအခမ်းအနားကို ရုတ်သိမ်းခဲ့‌သည်။

 အခမ်းအနားသို့ တိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီဒု-ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာ၀န်ကြီးဦးအုန်းမြင့်၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာမှတာ၀န်ရှိသူများ၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

မြင့်ဟန်

ပုသိမ်ခရိုင်(ပြန်/ဆက်)