သာယာဝတီ၌ မျိုးစေ့ချကိရိယာ (Drum Seeder) များ ပေးအပ်ပွဲကျင်းပ
Mar 17,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ မိုးစပါး၊ နွေစပါးအထွက်နှုန်း တိုးတက်စေရန်၊ တိုက်ရိုက်ကြဲခင်းစနစ်မှ အစေ့ချစိုက်ပျိုးနည်းစနစ်သို့ ပြောင်းလဲခြင်းဖြင့် မျှော်မှန်းပန်းတိုင်အထွက်နှုန်းရရှိစေရန်ရည်ရွယ်၍ မျိုးစေ့ချကိရိယာ (Drum Seeder) များအား တောင်သူများလက်ဝယ်အရောက်ပေးအပ်ပွဲကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနရုံး အစည်းဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။