မင်းတုန်းမြို့တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်း စာစောင်များဖြန့်ဝေ

မင်းတုန်း မတ် ၁၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့တွင် ကလေးအလုပ်သမားနှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန် သိရှိနားလည်စေရန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထုတ်ဝေသော  ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး ဖန်ခါးမြေ လက် ကမ်းစာစောင် စောင်ရေ(၅၀၀)ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စားသောက်ဆိုင်များနှင့် စည်ပင်သာယာဈေးတို့တွင် ဖြန်ဝေခဲ့ကြသည်။

အဆိုပါလက်ကမ်းစာစောင်တွင် ကလေးအလုပ်သမား၏ အဓိပ္ပာယ်၊ ကလေးအလုပ် သမားများ၏ အသက်အရွယ်၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်၊ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် ရည်မှန်းချက် (၆)ရပ်နှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေပုဒ်မများ စသည့် အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)