ပန်းတနော်မြို့နယ်တွင် ဆောင်းသီးနှံနေကြာ (ဆင်းရွှေကြာ-၂) စံကွက်ရိတ်သိမ်းပွဲ ကျင်းပ

ပန်းတနော် မတ် ၁၆

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် ဆောင်းသီးနှံနေကြာ (ဆင်းရွှေကြာ-) စံကွက် ရိတ်သိမ်းပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ဆပ်သေကျေးရွာအုပ်စု ကျောင်းဆိပ်ကျေးရွာရှိ တောင်သူ ဒေါ်ခင်ပန်ပန်သော်၏ ကွင်းအမှတ် (၅၁၉) ဦးပိုင်အမှတ် (/ ၁၇) လယ်ယာမြေ (.၅၀) ဧကတွင် ပြုလုပ်ခဲ့သည်။

ပန်းတနော်မြို့နယ်တွင် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် စားသုံးဆီဖူလုံမှုရရှိစေရေး ဆီထွက်သီးနှံ (နေကြာ) စိုက်ပျိုးခြင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ဒေသခံတောင်သူများ ပူးပေါင်း၍ အလေးထားစိုက်ပျိုးလျက်ရှိရာ သီးနှံအထွက်နှုန်းတိုးတက်ရေးနှင့် သီးနှံပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများက ဆောင်းသီးနှံ (နေကြာ) စိုက်ပျိုးတောင်သူများကို စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများ ပံ့ပိုးကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဆောင်းသီးနှံ (နေကြာ) စံကွက်ရိတ်သိမ်းပွဲသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနတာဝန်ရှိသူများ၊ စိုက်ပျိုးရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတောင်သူလယ်သမားများမှ တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော် (ပြန်/ ဆက်)