သတင်းများ

မိုးညိုမြို့နယ် တော်ပြန်ကျေးရွာသို့ နယ်လှည့်အသိပညာပေး ကွင်းဆင်းဆောင်ရွက်
Mar 17,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ ၂ နာရီက ဇီးပင်အုပ်စု၊ တော်ပြန်ကျေးရွာသို့ နယ်လှည့်အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ် ဓမ္မသော်ကျေးရွာ၌ ကျေးလက်ရေပေးရေးလုပ်ငန်း ရေပိုက်လိုင်းသွယ်တန်း‌ဆောင်ရွက်ရန် ကွင်းဆင်းစစ်ဆေး
Mar 17,2023
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီးရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ဓမ္မသော်ကျေးရွာတွင် ကျေးလက်ရေပေးဝေရေးလုပ်ငန်းအဖြစ် အိမ်တိုင်ရာရောက်ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက်ရန်အတွက် မြို့နယ်ကျေးလက်ဦးစီးမှူး‌ ဒေါ်ခိုင်ခင်မြဝင်း၊ အငယ်တန်းအင်ဂျင်နီယာ-၂ ဒေါ်အေးမို့မို့ဝင်းနှင့်အဖွဲ့ဝင်များသည် ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
သထုံခရိုင်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ အ‌ခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်လှစ်
Mar 17,2023
မွန်ပြည်နယ်၊ သထုံခရိုင်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့၊ နံနက်ပိုင်းက ကျောင်းသားကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်၌ အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေး အခြေခံအင်္ဂလိပ်စာ သင်တန်းကို ကျင်းပပြုလုပ်ခဲ့သည်။
မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်
Mar 17,2023
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ‌ရောဂါပိုးအိုမီခရွန်နှင့် ၎င်း၏မျိုးစိတ်အသစ်များကို ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ရောဂါကာကွယ် ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ်ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀ နာရီက မြောက်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းလှမြို့တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် “သတင်းစကား" လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေး
Mar 17,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် “သတင်းစကား" လက်ကမ်းစာစောင်များကို အ.ထ.က မင်းလှ(မြို့ပြင်)ကျောင်းတွင် တက္က သိုလ်ဝင်စာမေးပွဲဖြေဆိုခဲ့ကြသော ကျောင်းသား ကျောင်းသူများအား   ယမန်နေ့ မွန်းတည့် ၁၂ နာရီချိန်က ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဗိုလ်တထောင်မြို့နယ်၌ ၁၃၈၄ ခုနှစ်မဟာ သင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Mar 17,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် အမှတ် (၄) ရပ်ကွက်၊ (၅၅) လမ်းရှိ အမျိုးသားစီမံခန့်ခွဲရေးကောလိပ် မိုးလုံလေလုံအားကစားခန်းမ၌ ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က ၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ကြောင်း သိရသည်။
ရန်ကင်းမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ နွေရာသီအားကစား သင်တန်းများဖွင့်လှစ်
Mar 17,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ နွေရာသီအားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ကာယ၊ ဉာဏ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးပြီး ၂၀၂၃ ခုနှစ်၊ နွေရာသီအားကစားသင်တန်းများအဖြစ် မြန်မာ့သိုင်းသင်တန်းကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် ဘော်လီဘောသင်တန်းကို အမှတ်(၆)ရပ်ကွက်ရှိ ဘော်လီဘောအားကစားကွင်းတို့တွင် ဖွင့်လှစ်သင်ကြားပေးခဲ့သည်။