ဆင်ပေါင်ဝဲ မတ် ၁၆
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည် မြှင့်တင်ရေးလုပ်ငန်းဆပ်ကော်မတီမှ ထုတ်ဝေသော "ကလေးအလုပ်သမားပပျောက်ရေး" လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်လင်းနှင့် ဝန်ထမ်းများက စာကြည့်တိုက်သို့ စာအုပ်လာရောက်ငှားရမ်းကြသည့် ကျောင်းသား/သူများ၊ လမ်းသွားလမ်းလာပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်တွင် ကလေးအလုပ်သမားများ၏ အသက်အရွယ်၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မများ၊ ကလေး အလုပ်သမားဆိုသည်မှာ၊ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအ
ဆင့်လုပ်ငန်းစီမံချက် ရည်မှန်းချက်(၆)ရပ်၊ ကာတွန်းစသည့် အချက်များ ပါဝင်သော သတင်းစကား လက်ကမ်းစာစောင်များအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်သို့ စာအုပ်လာရောက် ငှားရမ်းကြသည့် ကျောင်းသား/သူများ၊ လမ်းသွားလမ်းလာ ပြည်သူများ လက်ဝယ်အရောက် အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)