ဟင်္သာတ မတ် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် ပြန်ကြားရေးဝန်ကြီးဌာန ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသည့် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့ နေ့လယ်(၁၂)နာရီအချိန်က အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ ခရိုင်ပြန်/ဆက် ဦးစီးမှူးနှင့်ဝန်ထမ်းများက ကျောင်းသား/သူများနှင့် ဒေသခံပြည်သူများထံ အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါလက်ကမ်းစာစောင်တွင် (၇၈) နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်ချက်များ၊ (၁၃-၇-၁၉၄၇) ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သည့် မိန့်ခွန်းမှကောက်နုတ်ချက်၊ တပ်မတော်၏အား (၁၀) ပါး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် (၇၇) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ ပြောကြားသည့်မိန့်ခွန်းမှ ကောက်နုတ်ချက်၊ ဖိုလေးလုံးသောင်းကိုကိုရေးသည့် “ပြည်သူချစ်တဲ့ တပ်မတော်” ကဗျာ၊ နိုင်ငံတော်နှင့်နိုင်ငံသားများ အကျိုးစီးပွားကို ဦးလည်မသုန်ထမ်းရွက်မှု ဆောင်းပါးများ၊ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်၊ အသက်သွေးချွေးစဉ်မနှေးပေးဆပ်သည်မှာ တပ်မတော်ပါ ဆောင်ပုဒ်များစသည်ဖြင့် ဖော်ပြပါရှိကြောင်း သိရသည်။
ခရိုင်ပြန်ဆက် (ဟင်္သာတ)