သာစည်မြို့နယ်တွင် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေး

သာစည်  မတ် ၂၃

မန္တလေးတိုင်းဒေသကြီး  သာစည်မြို့နယ်တွင် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့်စပ်လျဉ်း၍  အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ကြောင်းသိရသည်။

ရှေးဦးစွာ   မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်ကျော်က အသိပညာပေး ဆွေးနွေးပွဲပြုလုပ်ရခြင်းအကြောင်းနှင့် ပတ်သက်၍ ပြောကြားရာ၌ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့ရာတွင် ပရဟိတအဖွဲ့အစည်း(NPO)များကို အလွဲသုံးစားပြုမခံရစေရေးအတွက် ဖြစ်ကြောင်းနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့ခြင်းဆိုသည်မှာ ခေါင်းစဉ်နှင့်ပတ်သက်သော အချက်အလက်များကို  ပရိုဂျက်တာဖြင့်  အသေးစိတ်ရှင်းလင်း အသိပညာပေးဆွေးနွေးသည်။

ဆက်လက်ပြီး မြို့နယ် မှတ်ပုံတင်ရေးအဖွဲ့ဝင်များက   မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် ပညာပေး ဆွေးနွေးကြသည်။ ထို့နောက် တက်ရောက်လာသော အသင်းအဖွဲ့များမှတာဝန်ရှိသူများက မိမိတို့အသင်းအဖွဲ့အလိုက် ဆောင်ရွက်နေမှုများကို မိတ်ဆက်ရှင်းလင်း တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့   မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊  မှတ်ပုံတင်ထားသည့် သက်တမ်းရှိအသင်းအဖွဲ့ ၃၀ မှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)