သတင်းများ

ပျဉ်းမနားမြို့နယ်(အရှေ့ခြမ်း) တောင်ပေါ်တိုင်းရင်းသားကျေးရွာများသို့ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် နယ်လှည့်အသိပညာပေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Mar 11,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာဗဟုသုတ တိုးပွားရရှိစေရေး အတွက် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲများကို ဆောင်ရွက်နေလျက်ရှိရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပျဉ်းမနားမြို့နယ်(အရှေ့ခြမ်း) တောင်ပေါ်တိုင်းရင်းသား ကျေးရွာများသို့ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် နယ်လှည့်အသိပညာပေးကွင်းဆင်း ဆောင်ရွက် ခြင်းကို ယနေ့နံနက်ပိုင်းက သစ်တွန်ကျေးရွာအုပ်စု၊ ဖလောင်းကျေးရွာသို့  သွားရောက်ဆောင်ရွက်ပေးခဲ့ သည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ်(၁/၂၀၂၃) ဆင်းပွဲအခမ်းအနားကျင်းပ
Mar 11,2023
ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(လားရှိုး)မှ ကြီးမှူးဖွင့်လှစ်သည့် ရုံးအဆင့်ဆင့်တွင် အသစ်ခန့်အပ်လိုက်သည့် အငယ်တန်းစာရေးနှင့်လစာနှုန်းတူ၊ ရုံးအကူဝန်ထမ်းများ၊ လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ်(၁/၂၀၂၃)ဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က လားရှိုးမြို့ ကမ္ဘောဇချယ်ရီရိပ်သာ ခန်းမ တွင်ကျင်းပပြုလုပ်ခဲ့သည်။
ပင်လောင်းမြို့တွင် ကျောင်းသား/သူများ နွေရာသီအားလပ်ရက် အခြေခံ စစ်တုရင်ကစားနည်း သင်တန်း၌ စိတ်ပါဝင်စားစွာကစား
Mar 11,2023
ကျောင်းသား/သူများ နွေရာသီ ကျောင်းအားလပ်ရက်တွင် အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ မိမိတို့စိတ်ပါဝင်စားသည့် အားကစားနည်းကို အခြေခံစနစ်တကျ တတ်မြောက်စေရန်၊ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းပြီး အခြေခံ စစ်တုရင်ကစားနည်း သင်တန်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမတွင် မတ်လ (၄) ရက်နေ့မှ စတင် ဖွင့်လှစ်ခဲ့ရာ သင်တန်းသားများမှ စိတ်ဝင်တစား တက်ရောက်ကစားလျက်ရှိကြောင်း သိရသည်။
လားရှိုးမြို့လူထုအခြေပြုဗဟိုဌာန Community Centre တွင် ကိုးရီးယားဘာသာစကား 4 Skills သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
Mar 11,2023
နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသားလူငယ်များ အချိန်ကိုအကျိုးရှိစွာအသုံးချစေရန်နှင့် အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတများကြွယ်ဝစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre၊ သင်တန်းခန်းမ တွင် ယနေ့ နံနက်(၈)နာရီအချိန်က ကိုးရီးယား ဘာသာစကား 4 Skills သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။
ကသာခရိုင်အတွင်း သန့်ရှင်းသာယာလှပ‌ရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
Mar 11,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာများမှ အပတ်စဉ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီအချိန်က ကသာမြို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ရုံးဝင်းအတွင်း စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
ရွှေကျင်မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ
Mar 11,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် (၁၁)နာရီက တံခွန်တိုင်ကျေးရွာ ကျေးလက် မီးလင်းရေးရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာနများ၌ တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ်အား ဆက်လက်ဖြေဆို
Mar 11,2023
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၈) ရက်နေ့မှ စတင်ကျင်းပလျက်ရှိရာ အမြို့မြို့အနယ်နယ်ရှိ စာစစ်ဌာနများတွင်  ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ဖြေဆိုလျက်ရှိကြောင်း သိရှိရပါသည်။
ပြည်မြို့ သူနာပြုသင်တန်းကျောင်း၌ ယာဉ်စည်းကမ်းလမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Mar 11,2023
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ပြည်ခရိုင်ရုံး၏ ယာဉ်စည်းကမ်းလမ်း၊ လမ်းစည်းကမ်းဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းက ပြည်မြို့ သူနာပြုသင်တန်းကျောင်းခန်းမ၌ကျင်းပရာ အဆိုပါကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ‌ဆရာ/ဆရာမများ၊‌ ကျောင်းသား/ကျောင်းသူများတက် ရောက်သည်။