ရွှေကျင်မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ရွှေကျင် မတ် ၁၁

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် (၁၁)နာရီက တံခွန်တိုင်ကျေးရွာ ကျေးလက် မီးလင်းရေးရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ရွှေကျင်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ (၇-၃-၂၀၂၃)မှ(၁၃-၃-၂၀၂၃) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးနေသည့် Physical Fitness Dance (E.I.M) အကသင်တန်းတွင် တက်ရောက်နေကြသည့် သင်တန်းသား၊သင်တန်းသူ (၂၃) ဦးအား ရွှေကျင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်သဲစုအောင်က မူးယစ်ဆေးဝါး၏ဆိုးကျိုးများ ခေါင်းစဉ်၊ ဆေးလိပ်/ကွမ်းယာများ၏ အန္တရာယ်ခေါင်းစဉ်များဖြင့် ဟောပြောဆွေးနွေးခဲ့‌ပြီး သင်တန်းသား၊ သင်တန်းသူများအား မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာအသိပညာပေး နံရံကပ်စာစောင်ကိုပြသခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)