အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ်(၁/၂၀၂၃) ဆင်းပွဲအခမ်းအနားကျင်းပ

လားရှိုး      မတ်    ၁၁

ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(လားရှိုး)မှ ကြီးမှူးဖွင့်လှစ်သည့် ရုံးအဆင့်ဆင့်တွင် အသစ်ခန့်အပ်လိုက်သည့် အငယ်တန်းစာရေးနှင့်လစာနှုန်းတူ၊ ရုံးအကူဝန်ထမ်းများ၊ လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ်(၁/၂၀၂၃)ဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က လားရှိုးမြို့ ကမ္ဘောဇချယ်ရီရိပ်သာ ခန်းမ တွင်ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်က သင်တန်းဆင်း ဝန်ထမ်းများအနေဖြင့် မိမိတို့တာဝန်ကျရာရုံးသို့ပြန်လည်ရောက်ရှိသည့်အခါ သင်တန်းမှပို့ချသမျှသင်ခန်းစာ များကို မမေ့မလျော့ဘဲ တန်ဖိုးထားလိုက်နာကျင့်သုံးဆောင်ရွက်ကြရန်၊ ဌာန၏ မျှော်မှန်းချက်ဖြစ်သည့် ပြည်သူကိုဗဟိုပြုသည့် ကောင်းမွန်သောအုပ်ချုပ်ရေးယန္တရားတည်ဆောက်ရေး ကိုအကောင်အထည်ဖော် နိုင်သောဝန်ထမ်းများဖြစ်ရန်ဆန္ဒပြုပါကြောင်းနှင့် သင်တန်းအောင်မြင်စွာဆောင်ရွက်နိုင်ရေး အဘက်ဘက်မှ ပါဝင်ကူညီခဲ့ကြသော သက်ဆိုင်ရာဌာနဆိုင်ရာများအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ထူးချွန်ဆု ရရှိသော သင်တန်းသား/သူများနှင့် သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်းသိရသည်။

ခရိုင်ပြန်/ဆက်