သတင်းများ

စလင်းမြို့နယ်ရှိ ဆေးဆိုင်များအား စားသုံးသူရေးရာဦးစီးဌာနမှ ဈေးကွက်အတွင်း (Parbisure)ဆေးဝါးရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Mar 12,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းရောင်းချလျက်ရှိသော ဆေးဆိုင်များအား စလင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ မကွေးတိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ညွှန်ကြားမှုဖြင့် ဆေးဆိုင်များတွင် တရားမဝင်ရောင်းချလျက်ရှိသည့် ဆေးဝါးတစ်မျိုးဖြစ်သည့် (Parbisure) ဆေးကို ဈေးကွက်အတွင်းတင်သွင်း  ရှိ/မရှိကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ပုဇွန်တောင်မြို့နယ်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဈေးကားများဖြင့် စားသောက် ကုန်များ စျေးနှုန်းချိုသာစွာ လာရောက်ရောင်းချ
Mar 12,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ ပြည်သူများစားရေးသောက်ရေး အဆင်ပြေစေရန်၊ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်စေရန်၊ ဈေးများသို့သွားရောက်၍ ဝယ်ယူစရာမလိုဘဲ စားသုံးနိုင်စေရန်နှင့် ဆန်၊ ဆီ၊ ကြက်ဥနှင့် သန့်ရှင်းလတ်ဆတ်သောအသားများကို ဝယ်ယူစားသုံးနိုင်စေရန်ရည်ရွယ်၍ ယမန်နေ့နံနက်က အမှတ်(၅)ရပ်ကွက်၊ အောက်ပုဇွန်တောင် လမ်း၊ ညောင်တန်းအိမ်ရာရှေ့တွင် ဈေးနှုန်းသက်သာစွာဖြင့် လာရောက်ရောင်းချပေး ခဲ့ကြောင်းသိရသည်။
သနပ်ပင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် နွေစပါးဘောင်စနစ်စံပြစိုက်ကွက်ရိတ်သိမ်း
Mar 12,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ကျင်းပပြုလုပ်သည့်  ၂၀၂၂-၂၀၂၃ ခုနှစ် နွေစပါးဘောင်စနစ်စံပြကွက် ရိတ်သိမ်းခြင်းကို ယမန်နေ့နံနက်ပိုင်းက လယ်မြေကွင်းအမှတ် ၈၅၉(က) ဦးပိုင်အမှတ်(၂) ဈေးပိုင်းရပ်ကွက် တောင်သူဦးမင်းနောင်၏ လယ်ယာမြေ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပဲခူးမြို့တွင် စာပေဥယျာဉ်စာကြည့်တိုက်ဖွင့်ပွဲ ကျင်းပ
Mar 12,2023
ပဲခူးမြို့ သမာဓိလမ်း ရပ်ကွက်ကြီး (၇)ဥဿမြို့သစ်တွင် တည်ဆောက်ခဲ့သည့် စာပေဥယျာဉ်စာကြည့်တိုက်ဖွင့်ပွဲကို ယမန်နေ့နံနက် ၉နာရီတွင် မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း ပဲခူးတိုင်းဒေသကြီးဥက္ကဋ္ဌ ဒေါ်ခင်၀တ်ရည် (၀တ်ရည်ခင်-ပဲခူး)၊ စာကြည့်တိုက်ဖောင်ဒေးရှင်း အတွင်းရေးမှူးဦးကျော်မင်းနိုင်နှင့်  စာပေဥယျာဉ်စာကြည့်တိုက်တည်ထောင်သူ ကိုမျိုးအာကာတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။
နွေရာသီ အခြေခံအားကစားသင်တန်းများ တွံတေး၌ ဖွင့်လှစ်သင်ကြားပေး
Mar 12,2023
ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၏ ဦးဆောင်မှုဖြင့် တွံတေးခရိုင်၊ တွံတေးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီအခြေခံအားကစားသင်တန်းများဖွင့်ပွဲကို မတ်(၁၀)ရက် ညနေ ၃ နာရီက မြို့မဘောလုံးကွင်း၌ စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရှိရသည်။
ဒလမြို့နယ် ကမာကဆစ်ဈေး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် သန့်ရှင်းရေး ဆောင်ရွက်ထားမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Mar 12,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် ကမာကဆစ်ဈေး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် သန့်ရှင်းရေးဆောင်ရွက်ထားမှုများကို ယမန်နေ့ကကွင်းဆင်းကြည့် ရှုစစ်ဆေးခဲ့သည်။
ရွှေတောင် မြို့နယ်တွင်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးတောင်သူ အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ်ကွင်းဆင်းဆောင်ရွက်
Mar 12,2023
ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ရွှေတောင်မြို့နယ်၏ ၂၀၂၃-ခုနှစ် မတ်လအတွင်းကျေးရွာ (၁၀) ရွာစီစစ်ရွေးချယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး တောင်သူအသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နေ့လယ်ပိုင်းက ပေါင်းချုပ်​ကျေးရွာအုပ်စု၊ ပေါင်းချုပ်ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
ကျောက်ဖြူ၌ ဒေသထွက်ဝါးပင်များကိုအသုံးပြု၍  သပ်ရပ်လှပသော လူသုံးကုန်ပစ္စည်းများထုတ်လုပ်နိုင်ရေး “ဝါးလက်မှုအခမဲ့သင်တန်း” ဖွင့်လှစ်ပြသ
Mar 12,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ဒေသထွက်သဘဝအလျောက်ပေါက်ရောက်လျက်ရှိသည့် ဝါးပင်များကိုအသုံးပြုကာ အရည်အသွေးကောင်းမွန်ပြီး သပ်ရပ်လှပသော လူသုံးကုန်ပစ္စည်းများထုတ်လုပ်နိုင်ရန်ရည်ရွယ်၍ “ဝါးလက်မှုအခမဲ့သင်တန်း”ကို ယမန်နေ့နံနက်ပိုင်းက ကျောက်ဖြူမြို့၊ အရာရှိရပ်ကွက်၊ စံပြ(၁)လမ်း၌ ဖွင့်လှစ်ပြသသည်။