ပြည်မြို့ သူနာပြုသင်တန်းကျောင်း၌ ယာဉ်စည်းကမ်းလမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ပြည် မတ် ၁၁

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ပြည်ခရိုင်ရုံး၏ ယာဉ်စည်းကမ်းလမ်း၊ လမ်းစည်းကမ်းဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းက ပြည်မြို့ သူနာပြုသင်တန်းကျောင်းခန်းမ၌ကျင်းပရာ အဆိုပါကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ‌ဆရာ/ဆရာမများ၊‌ ကျောင်းသား/ကျောင်းသူများတက် ရောက်သည်။

ယင်းအသိပညာပေးဟောပြောပွဲတွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ပြည်ခရိုင်ရုံးမှစစ်ဆေးရေးမှူး-၂ ဦးဇော်စိုးမင်းထွန်းက "ယာဥ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းစေရေးအတွက် မော်တော်ယာဥ် ဥပဒေ၊ နည်းဥပဒေပါ အချက်အလက်များအကြောင်း၊ မော်တော်ဆိုင်ကယ်စီးသူတိုင်း အရည်အသွေးပြည့်မီသည့် မော်တော်ဆိုင်ကယ်စီးဦးထုပ်ကို စနစ်တကျမေးသိုင်းကြိုး တပ်ဆင်‌စီးနင်းရေးအကြောင်းနှင့် အမျိုးသားယာဥ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ (၂၀၂၁-၂၀၃၀) ၏ ရည်မှန်းချက်များအကြောင်းတို့ကို အသိပညာပေးဟောပြောဆွေးနွေးသည်။

ယင်းနောက် တက်ရောက်လာကြသူများကို ယာဥ်တိုက်ခိုက်မှုဖြစ်စဥ်များနှင့် ပတ်သက်၍ ယာဥ်စည်းကမ်း လမ်းစည်းကမ်းအသိပညာပေးမှတ်တမ်းဗီဒီယိုဖိုင် ဖွင့်လှစ်ပြသပေးပြီး ခရိုင်(ကညန)ရုံး ဝန်ထမ်းများက ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်