ကသာ မတ် ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာများမှ အပတ်စဉ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီအချိန်က ကသာမြို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ရုံးဝင်းအတွင်း စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်နှင့် အဖွဲ့ဝင်များ၏ကြီးကြပ်မှုဖြင့် ကသာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထက်ဝင်းနှင့်အဖွဲ့ဝင်များ၊ ကသာမြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စုပေါင်း၍ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT) ဝင်းအတွင်း သစ်ရွက်အမှိုက်များ၊ သစ်ပင်ခြုံနွယ်များ၊ သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်း ပေးကြသည်။ ပေါင်းမြက်ပင်များအား မြက်ရိပ်စက်များဖြင့် ရှင်းလင်းခြင်း၊ ခြင်ပေါက်ဖွား နိုင်သော ရေမြောင်းများအား ရေစီးရေလာ ကောင်းမွန်စေရန် ပြုပြင်ဆောင်ရွက်ပေးခြင်း၊ သစ်ပင်၊ သစ်ကိုင်းနှင့် အမှိုက်များအား မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်ကားများဖြင့် သယ်ယူ စွန့်ပစ်ပေးခြင်းတို့ကို က ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အပတ်စဉ် စုပေါင်းသန့်ရှင်းရေးကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကသာခရိုင် အတွင်းရှိ ထီးချိုင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းနှင့်အဖွဲ့ဝင်များ၊ ထီးချိုင့်မြို့နယ်ဌာန ဆိုင်ရာ ဝန်ထမ်းများက မဟာရန်ကင်းတောင်နှင့် မဟာရန်ကင်းဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း တို့၌ စုပေါင်း သန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။
ကျော်စွာ(ကသာ)