သတင်းများ

ပုသိမ်မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ကျော်ဦး အ-ထ-က(ရွှေသောင်ယံ)စာစစ်ဌာနတွင် ဆောင်ရွက်ထားမှုများအား လိုက်လံစစ်ဆေး၍လိုအပ်သည်များမှာကြား
Mar 12,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အ-ထ-က(ရွှေသောင်ယံ)စာစစ်ဌာနတွင် ယနေ့နံနက်(၈)နာရီခွဲအချိန်က ပုသိမ်မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ကျော်ဦးမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲဝင်ရောက်ဖြေဆိုနေသည့် ကျောင်းသား၊ ကျောင်းသူများပျက်ကွက်မှုမရှိစေရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားမှုများ၊ ကျောင်းတွင်း၊ ကျောင်းပြင်သန့်ရှင်းရေးဆောင်ရွက်ထားမှုများ၊ ကျောင်းသား၊ ကျောင်းသူများဘေးကင်းလုံခြုံစွာ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနိုင်ရန်တာဝန်ရှိသူများနှင့် စီမံဆောင်ရွက်ထားမှုများတို့ကို လိုက်လံကြည့်ရှုစစ်ဆေး၍လိုအပ်သည်များအား မှာကြားခဲ့ကြောင်း သိရသည်။
တံတားဦးမြို့နယ် ဇီးပင်ကွေ့ကျေးရွာတွင် ငရုတ်စိုက်ပျိုးရောင်းချတောင်သူများ ဈေးကောင်းရရှိ၍ တောင်သူများအဆင်ပြေ
Mar 12,2023
တံတားဦးခရိုင် တံတားဦးမြို့နယ် ဇီးပင်ကွေ့ကျေးတွင် မြေအောက်ရေကို အသုံးပြုကာ ငရုတ်စိုက်ပျိုးရောင်းချသူများ ဈေးကောင်းရရှိ၍ အဆင်ပြေလျက်ရှိကြောင်း ဇီးပင်ကွေ့ကျေးရွာ  ငရုတ်စိုက်ပျိုး ခူဆွတ်ရောင်းချ ကိုနေဇော်အောင် ထံမှသိရသည် ။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း မအူပင်ခရိုင်အတွင်း ပြည်သူ့အကျိုးပြုဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Mar 12,2023
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက မအူပင်ခရိုင်အတွင်းသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ချောင်းသာ ရွှေသာယာမြို့မစျေး၌ ပလပ်စတစ်အိတ်ဖြင့် ဈေးရောင်းချခြင်းမရှိစေရန် စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများဆောင်ရွက်
Mar 12,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့စည်ပင်သာယာရေးကော်မတီက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရေးနှင့် ပြည်သူများ တစ်ခါသုံး ပလပ်စတစ်အိတ်များ လျှော့ချသုံးစွဲစေရေးအတွက် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ်ဖြင့် ဈေးမရောင်းရနေ့သတ်မှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီက ရွှေသာယာမြို့မစျေးတွင် ပလပ်စတစ်အိတ်ဖြင့် ထုပ်ပိုးရောင်းချခြင်းမရှိစေရန်အတွက် စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
လက်ပံတန်းမြို့နယ် လောကမာန်အောင်ရွှေဘုန်းရောင် ဘုရားကြီးကျောင်းတိုက်တွင် သုတစုံလင်ဗုဒ္ဓဝင်သင်တန်းဖွင့်လှစ်
Mar 12,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် လောကမာန်အောင်ရွှေဘုန်းရောင် ဘုရားကြီးကျောင်းတိုက် သာသနာ့ဗိမာန်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်ရန်အတွက် သုတစုံလင်ဗုဒ္ဓဝင်သင်တန်းကို ယနေ့နံနက် ၉ နာရီက စတင်၍ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရ​သည်။
ရေကြည်မြို့၏မြို့ကျက်‌သရေဆောင်သမိုင်းဝင်ဒီပါ ရုမ်နောင်တော်ကြီးစေတီတော်မြတ်ကြီး၏ ထီးတော်တင်ရေစက်ချ အလှူတော်မင်္ဂလာအခမ်းအနား ပူဇော်ကျင်းပ
Mar 12,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ‌ရေကြည်မြို့နယ်၏မြို့ကျက်‌သရေဆောင် သမိုင်းဝင်ဒီပါရုမ်နောင်တော်ကြီး စေတီတော်မြတ်ကြီး၏ စိန်ဖူး‌တော်၊ ငှက်မြက်နားတော်၊ ထီးတော်တင် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကိုယနေ့နံနက်(၈)နာရီအချိန်ကနော်တော်ကြီးစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်း ဘူးသီးတောင်မြို့နယ်ရှိ ယာယီခိုလှုံရာစခန်းများမှ ပြည်သူများနှင့်တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Mar 12,2023
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့ နေ့လယ်ပိုင်းက ဘူးသီးတောင်မြို့ပေါ်ရှိ ယာယီခိုလှုံရာစခန်းများမှ ပြည်သူများနှင့်တွေ့ဆုံပြီး မိမိတို့သဘောဆန္ဒအလျောက် မူရင်းနေရပ်ကျေးရွာများသို့ ပြန်လည်အခြေချနေထိုင်နိုင်ရေး ဆွေးနွေးခဲ့ကြသည်။
နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်း၏ ၅၁၆၁ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူ
Mar 12,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်း အသင်း၏(၅၁၆၁) ကြိမ်မြောက် အရုဏ် ဆွမ်းလောင်းလှူမှုကို ယနေ့နံနက် အရုဏ်တက်အချိန်၌ လောင်းလှူခဲ့ကြောင်း သိရသည်။