သတင်းများ

မိုးမောက်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသူ/သားများအတွက် အားဖြည့်စာ ထောက်ပံ့ပေးအပ်
Mar 10,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ချိုသက်ဇွန်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့ညနေ (၂)နာရီမှ (၄)နာရီခွဲထိ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် အလင်းကောင်ရပ်ကွက်၊ ကြေးနန်းရပ်ကွက် ညစာကျက်ဝိုင်းများရှိ ကျောင်းသား/သူ (၃၃)ဦးအား အာဟာရဖြည့်စွက်စာဖြစ်သည့်
သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် လေ့လာမှတ်သား သင်ခန်းစာများ သင်ကြားပေး
Mar 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊အိမ်မဲမြို့နယ် မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာ အဖွဲ့ခွဲအမှတ် (၂၉)တွင် သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် သင်ခန်းစာများကို ယနေ့တွင် ဆက်လက် သင်ကြားပေးလျက်ရှိသည်။
တောင်ဥက္ကလာပမြို့နယ်တွင် စာ‌ပေဖတ်ရှုမှုပိုမိုမြင့်မားလာ‌စေရေးအတွက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေး
Mar 10,2023
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စာပေဖတ်ရှုမှုပိုမိုမြင့်မားလာစေရန် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယမန်နေ့နံနက်(၁၀:၀၀)နာရီအချိန်က မြို့နယ်ဌာနဆိုင်ရာရုံးများသို့ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
မချမ်းဘော့မြို့ လူထုအခြေပြုဗဟိုဌာန၌  ပုံပြင်ပြောပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ
Mar 10,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့တွင် ကျောင်းသားလူငယ်များ စာဖတ်ရှိန် မြှင့်တင်လာစေရန်၊  စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးလာစေရန် ရည်ရွယ်၍ ပုံပြင်ပြောပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက် ၁၁နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမရှိ ကလေးစာဖတ်ခန်း၌ ကျင်းပခဲ့သည်။
တောင်ဥက္ကလာပမြို့နယ် အမှတ်(၃)ရပ်ကွက်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Mar 10,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ပြည်သူများတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကင်းဝေးစေရေးအတွက် ယမန်နေ့နံနက်(၁၀)နာရီက  အမှတ်(၃)ရပ်ကွက် ငွေကြာယံရိပ်သာနှင့် မီးရထားတိုက်တန်းများ၌  သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သံဖြူဇရပ်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ တိုင်းရင်းဆေးအ​ကြောင်းသိကောင်းစရာ ဆွေးနွေးပွဲ (Talk Show)ကျင်းပ
Mar 10,2023
မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်း၍ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ တိုင်းရေးဆေးအကြောင်းသိကောင်းစရာဆွေးနွေးပွဲ(Talk Show)ကို ယနေ့မွန်းလွဲ၁ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ပြုလုပ်သည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့တွင် သင်္ချာဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၆၄၂၀ ဦးရှိ
Mar 10,2023
၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့တွင် သင်္ချာဘာသာရပ်ကို ယနေ့နံနက်ပိုင်းက စတင်ကျင်းပရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း၌ စာစစ်ဌာန ၃၉ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၇၁၁၈ ဦးရှိပြီး စာမေးပွဲ တတိယနေ့တွင် သင်္ချာဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၆၄၂၀ ဦး ရှိကာ ဖြေဆိုသူရာခိုင်နှုန်း ၉၀ ဒသမ ၁၉ ရာခိုင်နှုန်းရှိကြောင်း နေပြည်တော်ပညာရေးမှူးရုံးမှ သိရသည်။