လားရှိုးမြို့လူထုအခြေပြုဗဟိုဌာန Community Centre တွင် ကိုးရီးယားဘာသာစကား 4 Skills သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

လားရှိုး   မတ် ၁၁

နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသားလူငယ်များ အချိန်ကိုအကျိုးရှိစွာအသုံးချစေရန်နှင့် အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတများကြွယ်ဝစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre၊ သင်တန်းခန်းမ တွင် ယနေ့ နံနက်(၈)နာရီအချိန်က ကိုးရီးယား ဘာသာစကား 4 Skills သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က အခမဲ့သင်တန်းများဖွင့်လှစ်ရခြင်းနှင့် လူထုအခြေပြုဗဟိုဌာန Community Centre တွင် ဆောင်ရွက်လျက်ရှိသော သင်တန်းများ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့သည်။ ထို့နောက် Taeyang Language Centre မှ ဆရာမဒေါ်သဇင်အေးချမ်းနိုင်က သင်တန်းသားများနှင့် မိတ်ဆက်စကားပြောခဲ့ပြီး သင်တန်းတွင် ပို့ချမည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ကိုးရီးယား ဘာသာစကား 4 Skills သင်တန်းကို အပတ်စဉ် စနေနေ့နှင့် တနင်္ဂနွေနေ့ နံနက်(၈) နာရီမှ (၁၀)နာရီအထိ၊ အချိန်(၂)လကြာသင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။

ခရိုင် ပြန်/ဆက်