သတင်းများ

မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း (၄၉)နှစ်မြောက် မွန်​ပြည်နယ်နေ့အထိမ်းအမှတ်အကြို ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်
Mar 12,2023
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် (၄၉)နှစ်မြောက်မွန်ပြည်နယ်နေ့ အထိမ်းအမှတ်အကြို ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို မတ်လ ၁၁ ရက်​နေ့၊ ည​နေပိုင်းက ​မော်လမြိုင်မြို့ ငန်း​တေးဂေါက်ကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦး​အောင်ကြည်သိန်း၊ အ​ရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဦးညီညီစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်ဂေါက်သီးရိုက် အားကစားသမားများ၊ ဖိတ်ကြားထားသည့် ဂေါက်သီးရိုက် အားကစားဝါသနာရှင်များ တက်​ရောက်ခဲ့သည်။
သာသနာတော်ဆိုင်ရာ အမြင့်ဆုံးဘွဲ့တံဆိပ်တော် အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့  ဆပ်ကပ်ခြင်းခံခဲ့ရသော ဆရာတော် ဘဒ္ဒန္တအာဒိစ္စဝံသ ထေရ်အရှင်မြတ်ကြီးအား ထပ်ဆင့်ဂုဏ်ပြုသည့် ဂုဏဝိသိဋ္ဌ ပူဇာသဘင် အခမ်းအနားကျင်းပ
Mar 12,2023
 ပြည်ထောင်စုနယ်မြေ၊  နေပြည်တော် ဇေယျာသီရိခရိုင် ပုဗ္ဗသီရီမြို့နယ်၊ ဝဲကြီးကျေးရွာအုပ်စု၊ ဝဲကြီးကျေးရွာရှိ ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တအာဒိစ္စဝံသ ထေရ်အရှင်မြတ်ကြီးအား ထပ်ဆင့်ဂုဏ်ပြုသည့် ဂုဏဝိသိဋ္ဌပူဇာသဘင် အခမ်းအနားကို ယနေ့ နံနက်ပိုင်း ကျင်းပခဲ့သည်။
ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်  ၂၀၂၃ ခုနှစ်၊ နွေရာသီအခြေခံအားကစား သင်တန်းဆင်းပွဲသို့ တက်ရောက်အားပေး
Mar 12,2023
၂၀၂၃ ခုနှစ်၊ နွေရာသီအခြေခံအားကစား သင်တန်းဆင်းပွဲကိုယနေ့နံနက်ပိုင်းက ကယားပြည်နယ် လွိုင်ကော်မြို့၊  ပြည်နယ်အားကစားကွင်း၊ ကရာတေးဒိုအားကစားရုံ၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား /သင်တန်းသူများ တက်ရောက်ခဲ့သည်။
ညောင်လေးပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌  မြို့နယ် စာရေးဆရာအသင်းမှ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲပြုလုပ်
Mar 12,2023
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင်ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre) ခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီက မြို့နယ် စာရေးဆရာအသင်းမှ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကျင်းပပြု လုပ်ခဲ့ကြောင်းသိရသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ကယားပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ လှူဒါန်း
Mar 12,2023
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ကယားပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးအနေဖြင့် ကယားပြည်နယ်အတွင်း ဘုန်းတော်ကြီး ကျောင်းများ၌ ဆွမ်းဆန်တော် အခက်အခဲ မရှိစေရေးအတွက် ဆန်၊ ဆီ၊ ဆား နှင့် ကုလားပဲများ လှူဒါန်း လျက်ရှိသည်။
ကျိုက်ထီးဆောင်းဆံတော်ရှင်စေတီတော်မြတ်ကြီး နှစ်(၅၀)ပြည့်ရွှေရတု အထိမ်းအမှတ် ရွှေထီးတော်၊ ငှက်မြတ်နားတော်နှင့် ရတနာစိန်ဖူးတော်တို့အား ဆပ်ကပ်တင်လှူပူဇော်ခြင်း မင်္ဂလာအခမ်းအနားကျင်းပ
Mar 12,2023
မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် ဆကေသမဟာဓါတု ကျိုက်ထီးဆောင်း ဆံတော်ရှင်စေတီတော်မြတ်ကြီးနှစ်(၅၀) ပြည့် ရွှေရတုမင်္ဂလာအခမ်းအနားအ​ဖြစ် ရွှေထီးတော်၊ ငှက်မြတ် နားတော်နှင့်ရတနာစိန်ဖူးတော်တို့အားဆပ်ကပ်တင်လှူပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက်၈ နာရီကဇုတ်သုတ်စံပြ ကျေးရွာ ကျိုက်ထီးဆောင်းဆံတော်ရှင်စေတီတော်၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျိုက်မရော မြို့နယ်၌ နွေရာသီ အခြေခံစစ်တုရင်သင်တန်းဖွင့်လှစ်
Mar 12,2023
နွေရာသီ  ကျောင်းပိတ်ရက်ရှည် ပိတ်ရက်များအတွင်း ကျောင်းသား၊ကျောင်းသူ လူငယ်များအချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်  ဦးနှောက်ညဏ် ဖွံဖြိုးပြီး စိတ်ဓတ် အတွေးအခေါ်များ မြင့်မားလာစေရန်နှင့်လူငယ်အချင်းချင်း ရင်းနှီးချစ်ကြည်မှုရရှိစေရန် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီအခြေခံစစ်တုရင်သင်တန်းကို ယမန်နေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန၊ (Community Centre)ခန်းမ၌ ပြုလုပ်ခဲ့သည်။
ပုသိမ်မြို့တွင် အမှိုက်စို၊အမှိုက်ခြောက် ခွဲခြားစွန့်ပစ်သည့်စနစ် စတင်ဆောင်ရွက်
Mar 12,2023
ဧရာဝတီတိုင်းဒေသကြီးး ပုသိမ်မြို့အား Clean City ဖြစ်လာစေရေးအတွက် အမှိုက်စို၊အမှိုက်ခြောက်ခွဲခြားစွန့်ပစ်သည့်စနစ် စတင်ဆောင် ရွက်လျက်ရှိရာ အမှိုက်စို၊အမှိုက်ခြောက်ခွဲခြားမှု မှန်ကန်စေရေးအသိပညာပေးခြင်းကို ယနေ့နံနက်ပိုင်းကဆောင်ရွက်ခဲ့ကြောင်းသိရသည်။