ကျောက်တံတားမြို့နယ်တွင် (၇၈)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ်  နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲပြသခြင်း ဆောင်ရွက်

ကျောက်တံတား မတ် ၂၃

၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ်  နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်ပြသခြင်းကို ယနေ့ မွန်းလွဲ (၁:၃၀)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပြပွဲအား မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်လှလှထွေးက (၇၈)နှစ်မြောက်တပ်မတော်နေ့အကြောင်းအရာများ၊ စာကြည့်တိုက်ရှိအသိပညာဗဟုသုတရဖွယ်စာအုပ်များအကြောင်းအရာများ၊   လွတ်လပ်ရေးရရရှိရန် ကြိုးပမ်းခဲ့မှုမှစ၍ တပ်မတော်နေ့ဖြစ်ပေါ်လာပုံ၊ တပ်မတော်အဆင့်ဆင့် ပြောင်းလဲဖွဲ့စည်းပုံအဆင့်အဆင့်ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တပ်မတော်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်နှင့်သုတရသစာအုပ်စာစောင်များကို မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်လှလှထွေးနှင့်ဝန်ထမ်းများက ခင်းကျင်းပြသထားရာ ကျောင်းသား/သူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်၊၊

လှလှထွေး(ပြန်/ဆက်)