ပဲခူးခရိုင် လူထုအ‌‌ခြေပြုဗဟိုဌာန၌ လူငယ်‌များဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်

                                                                                                             ပဲခူး  မတ်  ၂၃

ပဲခူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်လူရွယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် ရည်ရွယ်၍ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပူးပေါင်းကာ  လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နေ့လည် နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ  ဟောပြောပွဲတွင်    ပဲခူးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးဌာန   ခရိုင်ဦးစီးမှူး ဒေါ်ယဉ်ယဉ်နု က မျိုးဆက်သစ်လူငယ်များအနေဖြင့် အသိပညာဗဟုသုတတိုးပွား၍ ဘက်စုံထူးချွန်သည့် လူငယ်များဖြစ်လာစေရန် ဟောပြောပွဲ ကျင်းပရခြင်းဖြစ်ကြောင်း  အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ပဲခူးခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သန္တာဝင်း က လူငယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအလကားမဖြစ်စေဘဲ မိမိအတွက်အကျိုးရှိမည့် အားကစားနည်း တစ်ခုခုကို လေ့လာ လိုက်စားသင့်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)