ပန်းဘဲတန်း မတ် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်ရုံး၌ ယနေ့နံနက် (၁၀)နာရီတွင် လူငယ်များ အသိပညာဗဟုသုတရရှိပြီး စာရိတ္တကောင်းမွန်သော လူငယ်များဖြစ်လာစေရန် ရည်ရွယ်၍ လူငယ်နှင့်စာရိတ္တ ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေး Talk Show တွင် ပန်းဘဲတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဦးဆန်းကြည်နှင့် မြန်မာနိုင်ငံ စာရေးဆရာအသင်းဝင် စာရေးဆရာမ ညွန့်ညွန့် (ကလော) တို့က လူငယ်များအနေဖြင့် စာရိတ္တကောင်းမွန်သော လူငယ်များဖြစ်လာစေရန် လိုက်နာဆောင်ရွက်သင့်သည့် ကောင်းမွန်သော ကိုယ်ကျင့်တရားများ၊ အလေ့အကျင့်ကောင်းများ၊ အကျင့်စရိုက်များ အကြောင်းအရာကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဦးဆန်းကြည်