ရေးမြို့နယ်တွင် ခရိုင်အဆင့်ခြေခံပညာအထက်တန်းနှင့် အလယ်တန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲတတိယနေ့ ဆက်လက်ကျင်းပ

ရေး မတ် ၂၃

မွန်ပြည်နယ်၊ ရေးခရိုင်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ခရိုင်အဆင့် အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့်ဘာသာရပ် စွမ်းရည်မြှင့်ဆွေးနွေးပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီက တတိယနေ့အဖြစ် ဆက်လက်ပို့ချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကို အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် သင်ကြားရေးဘာသာရပ်ဆိုင်ရာ စွမ်းရည်များတိုးတက်စေရန် မိမိတို့သင်ကြားရမည့် ဘာသာရပ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ သင်ကြားပို့ချစေနိုင်ရေး သင်ကြားမှုအရည်အသွေးမြင့်မားစေရေး ထိရောက်စွာ ပြန်လည်ပို့ချပေးနိုင်စေရေးအတွက် ယခုလို နွေရာသီဘာသာရပ် စွမ်းရည်မြှင့်ဆွေးနွေးပွဲကို အထက်တန်းအဆင့်နည်းပြ(၉)ဦးနှင့် သင်တန်းသား (၁၅၀)ဦးဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့် နည်းပြ(၁၈)ဦးနှင့် သင်တန်းသား(၄၂၄)ဦးတို့ဖြင့် မတ်လ ၂၁ ရက်မှ ၂၄ ရက်အထိ (၄)ရက်ကြာ ဆွေးနွေးပို့ချမည်ဖြစ်ကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)