လိပ်သိုမြို့၌ စာပေဗဟုသုတကြွယ်၀စေရေး စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်
Mar 24,2023
ကရင်ပြည်နယ်၊သံတောင်ကြီးမြို့နယ်၊လိပ်သိုမြို့တွင် ပြည်သူများ စာဖတ်ရှိန် မြင့်မားလာစေရေး၊ စာပေဗဟုသုတကြွယ်၀စေရေး၊ စာဖတ်ရှိန်မြင့်မားလာစေရန်နှင့် စာဖတ်ခြင်းဖြင့် ရရှိနိုင်သည့် အထွေထွေဗဟုသုတများကို မျှဝေသုံးစွဲတတ်စေရန်နှင့် စာဖတ်ပရိသတ်များ အဆင်ပြေစေရန် အတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာအုပ်/ စာစောင်များကို စာဖတ်ပရိသတ် များထံသို့ သွားရောက်၍ ငှါးရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ် (၂) ရပ်ကွက်သို့ ဆောင်ရွက်ခဲ့သည်။