ညောင်လေးပင်မြို့နယ်တွင် အခြေခံကာတွန်းရေးဆွဲနည်းသင်တန်းဖွင့်လှစ်

ညောင်လေးပင် မတ် ၂၃

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းအား ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဆက်လက်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

သင်တန်းမှူးအဖြစ် မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင် ဦးကျော်မြင့်မှ တာဝန်ယူဆောင်ရွက်ပြီး ကာတွန်းရေးဆွဲရာတွင် အခြေခံကျသောအချက်များ၊ ရုပ်ပြောင်စာတန်းများအသုံးပြုပုံ၊ စာသားနှင့်ရုပ်ပုံ အချိတ်အဆက်မိအောင် ရေးဆွဲပုံများအား သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

ယနေ့သင်တန်းတွင် စိတ်ပါဝင်စားသော သင်တန်းသား၊ သင်တန်းသူများ ပိုမိုများပြားလာခဲ့ပြီး စိတ်ဝင်တစား လေ့လာသင်ယူလျက်ရှိကြောင်း သိရသည်။

မြို့နယ်ပြန်ဆက်