မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၌ အစိုးရဓမ္မစရိယစာမေးပွဲဖြေဆိုနေသည့် သံဃာတော်များနှင့် သီလရှင်များအား ကျန်းမာရေးစောင့်ရှောင်မှုများ ဆောင်ရွက်ပေး

မိုးကုတ် မတ် ၂၃

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် အစိုးရဓမ္မာစရိယစာမေးပွဲကို မိုးကုတ်မြို့ ရှောလီဝိုင်းရပ်ကွက်၊ အောင်ချမ်းသာရပ်ရှိ မဟာမုနိဘုရားဝန်းအတွင်း၌ မတ်လ(၂၁)ရက်နေ့မှစ၍ စတင်ဖြေဆိုကျင်းပလျက်ရှိရာ အစိုးရဓမ္မာစရိယစာမေးပွဲကို ဖြေဆိုရန်စာရင်းပေးသွင်းသူ စုစုပေါင်း (၃၅)ဦးရှိပြီး လာရောက်ဖြေဆိုသူ ရဟန်းသံဃာတော် (၂၄)ပါး၊ သီလရှင် ()ပါးနှင့် လူပုဂ္ဂိုလ်()ဦး လာရောက် ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါ အစိုးရဓမ္မာစရိယစာမေးပွဲကို မတ် (၂၁) ရက်နေ့မှ (၃၀) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုသူ  စာဖြေသံဃာတော်များ၊ သီလရှင်များအား မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့တို့မှ ကျန်းမာရေးစောင့်ရှောင်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကြည်ကြည်နွဲ့(ပြန်/ဆက်)