သတင်းများ

မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာ ၄၃ရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း ၄၅ခုအား အကောင် အထည်ဖော်ဆောင်ရွက်
Mar 23,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာ ၄၃ ရွာတွင် မြစိမ်ရောင်ကျေးရွာစီမံကိန်း အတိုးရငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း ၄၅ခုအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။  
ဟိုပုံးမြို့နယ်၌ စိုက်ပျိုးရေးသွင်းအားစုအရောင်းဆိုင်များအား ကြည့်ရှုစစ်ဆေး
Mar 23,2023
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ပေါ်တွင် ဖွင့်လှစ်ထားသော စိုက်ပျိုး‌ရေးသွင်းအားစုအရောင်းဆိုင်များအား ကြည့်ရှုစစ်ဆေးခြင်းကို ယနေ့မွန်းလွဲ ၂း၀၀နာရီအချိန်တွင်ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။
ဇမ္ဗူသီရိမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် တိုက်ကွမ်ဒိုနှင့် အေရိုးဗစ်သင်တန်းဖွင့် လှစ်သင်ကြားနေမှုအား ဇမ္ဗူသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကြည့်ရှု အားပေး
Mar 23,2023
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နွေရာသီအားလပ်ရက်များတွင် အခြေခံအားကစား သင်တန်းများကို တက်ရောက်ခြင်းဖြင့် အားကစားကိုပိုမို စိတ်ပါဝင်စားလာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန်၊ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာမှာပါ တိုးတက်ပြီး ဗလငါးတန်ဖွံ့ဖြိုး တိုးတက်စေရန်၊
ရေးမြို့နယ်တွင် ခရိုင်အဆင့်ခြေခံပညာအထက်တန်းနှင့် အလယ်တန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲတတိယနေ့ ဆက်လက်ကျင်းပ
Mar 23,2023
မွန်ပြည်နယ်၊ ရေးခရိုင်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ခရိုင်အဆင့် အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့်ဘာသာရပ် စွမ်းရည်မြှင့်ဆွေးနွေးပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီက တတိယနေ့အဖြစ် ဆက်လက်ပို့ချပေးလျက်ရှိကြောင်း သိရသည်။
ညောင်လေးပင်မြို့နယ်တွင် အခြေခံကာတွန်းရေးဆွဲနည်းသင်တန်းဖွင့်လှစ်
Mar 23,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းအား ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဆက်လက်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၌ အစိုးရဓမ္မစရိယစာမေးပွဲဖြေဆိုနေသည့် သံဃာတော်များနှင့် သီလရှင်များအား ကျန်းမာရေးစောင့်ရှောင်မှုများ ဆောင်ရွက်ပေး
Mar 23,2023
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် အစိုးရဓမ္မာစရိယစာမေးပွဲကို မိုးကုတ်မြို့ ရှောလီဝိုင်းရပ်ကွက်၊ အောင်ချမ်းသာရပ်ရှိ မဟာမုနိဘုရားဝန်းအတွင်း၌ မတ်လ(၂၁)ရက်နေ့မှစ၍ စတင်ဖြေဆိုကျင်းပလျက်ရှိရာ အစိုးရဓမ္မာစရိယစာမေးပွဲကို ဖြေဆိုရန်စာရင်းပေးသွင်းသူ စုစုပေါင်း (၃၅)ဦးရှိပြီး လာရောက်ဖြေဆိုသူ ရဟန်းသံဃာတော် (၂၄)ပါး၊ သီလရှင် (၄)ပါးနှင့် လူပုဂ္ဂိုလ်(၁)ဦး လာရောက် ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ဒေးဒရဲမြို့နယ် (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Mar 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်း စာပေလေ့လာဖတ်ရှုသည့် အလေ့ အကျင့်ကောင်းများ တိုးပွားလာစေရန်နှင့် စာပေမှရသော အသိအမြင် ဗဟုသုတများကို လူမှုဘဝများတွင် ပြန်လည်အသုံးချနိုင်စေရန် ရည်ရွယ်၍ စာအုပ် စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်း၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကို ယနေ့ နံနက် (၁၁)နာရီက ကျင်းပခဲ့သည်။
ပန်းဘဲတန်းမြို့နယ်ရုံးတွင် လူငယ်များအတွက် လူငယ်နှင့်စာရိတ္တ အသိပညာပေး Talk Show ဆောင်ရွက်
Mar 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်ရုံး၌ ယနေ့နံနက် (၁၀)နာရီတွင် လူငယ်များ အသိပညာဗဟုသုတရရှိပြီး စာရိတ္တကောင်းမွန်သော လူငယ်များဖြစ်လာစေရန် ရည်ရွယ်၍ လူငယ်နှင့်စာရိတ္တ ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆောင်ရွက်ခဲ့သည်။