ချမ်း​အေးသာစံမြို့နယ်၌ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း ToT သင်တန်းဆင်းပွဲကျင်းပ

ချမ်းအေးသာစံ ဇူလိုင် ၂၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ဥပဒေရေးရာဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ မန္တလေးတိုင်းဒေသကြီးဥပဒေချုပ်ရုံး၏ ကြီးကြပ်မှုဖြင့် ချမ်းအေးသာစံမြို့နယ်ဥပဒေရုံးကဖွင့်လှစ်သော ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း ToT သင်တန်းဆင်းပွဲကို အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

အခမ်းအနားတွင် ချမ်းအေးသာစံမြို့နယ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက သင်တန်းဆင်းအမှာစကားပြောကြားပြီး မြို့နယ်ဥပဒေအရာရှိ ဦးလှိုင်ထက်ကျော်က သင်တန်းတွင် ပို့ချခဲ့သော ဥပဒေဘာသာရပ် ၁၁ မျိုးနှင့် ပတ်သက်၍ မေးမြန်းသည်များကို ဖြေကြားခဲ့ပြီး၊ သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့သည်။

အဆိုပါ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း ToT ကာလကို ဇူလိုင် ၂၀ ရက်နေ့မှ ဇူလိုင် ၂၄ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။ သင်တန်းဆင်းပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးလှိုင်ထက်ကျော်၊ မြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)