သင်္ဃန်းကျွန်း ဇူလိုင် ၂၅
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် အခြေခံပညာဦးစီးဌာန ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ အခြေခံပညာအလယ်တန်းဆင့်သင် (အတွေ့ အကြုံရှိ) ဆရာ၊ဆရာမများအတွက် ဆရာအတတ်ပညာတတ်ကျွမ်းမှု စံသတ်မှတ်ချက်အညွှန်းဘောင် (TCSF) ဆိုင်ရာ အရည်အသွေးမြှင့် ခရိုင်အဆင့် (ဆင့်ပွား)သင်တန်းအား သင်္ဃန်းကျွန်းမြို့နယ် အခြေခံပညာနှင့်စက်မှု စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း သီရိသုဝဏ္ဏပညာခန်းမ၌ ယနေ့နံနက်က ကျင်းပခဲ့သည်။
သင်တန်းပထမနေ့၌ TCSF ၏ ရည်ရွယ်ချက်၊ ဖွဲ့စည်းပုံ၊KG မူလတန်းနှင့် အလယ်တန်းပြဆရာ၊ ဆရာမများလုပ်ငန်းတွေ့အကြုံ၊ TCSF လုပ်ငန်းခွင်အတွေ့အကြုံအဆင့်များ နှိုင်းယှဥ်လေ့လာခြင်း စသည်တို့အား ဇူလိုင်၂၅ နံနက် ၉ နာရီမှညနေ ၃ နာရီခွဲထိ သက်ဆိုင်ရာ သင်တန်းနည်းပြများက သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်မိုး (သင်္ဃန်းကျွန်း)