သိန္နီမြို့၌ သက်ကြီးပူဇော်ပွဲအခမ်းအနားကျင်းပ

သိန္နီ  ဧပြီ  ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော အသက် ၈၀ နှစ်နှင့်အထက်ရှိ ဘိုးဘွားများအား ပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ဘိုးဘွားများအား အခမ်းအနားသို့ တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မိမြို့ဖများက လှူဖွယ်ပစ္စည်းနှင့် ဝတ္ထုငွေများ လှူဒါန်းကြပြီး ဩကာသကန်တော့ချိုးဖြင့်ရှိခိုးကန်တော့ကြရာ ဘိုးဘွားများ၏ကိုယ်စားတစ်ဦးမှ ဆုတောင်းမေတ္တာများ ပြန်လည်ပို့သပေးခဲ့သည်။ ထိုသို့ပူဇော်ကန်တော့ရာတွင် သိန္နီမြို့ ရပ်ကွက် (၄)ရပ်ကွက်ရှိ အသက် ၈၀ နှစ်နှင့်အထက် ဘိုးဘွား (၃၂) ဦးအား စုစုပေါင်းတန်ဖိုးငွေ ကျပ် (၂၂၅၀၀၀၀)ခန့်အား ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အသင်း အဖွဲ့များနှင့် မြို့မိမြို့ဖများက စုပေါင်းလှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)