တနင်္သာရီ ဧပြီလ ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်အတွင်း ဘေးရန်အန္တရာယ်အပေါင်းမှ ကင်းဝေးစေရေး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှကြီးမှူး၍ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲအစီအစဉ်ကို နှစ်စဉ်အစဉ်အလာမပျက် ကျင်းပလေ့ရှိရာ ယနေ့ဧပြီလ ၁၇ ရက်နေ့(၁၃၈၅ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့) နံနက် ၇ နာရီ ၄၅ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်းပြုလုပ်ရာ မြို့နယ်သံဃနာယကဥက္ကဋ္ဌ မြို့ဦးပရိယတ္တိစာသင်တိုက်ဦးစီးပဓာန ဆရာတော်ဘဒ္ဒန္တဇောတိကနှင့် သံဃာတော်(၈)ပါး ကြွရောက်တော်မူကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးနှင့် ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ နမောတဿသုံးကြိမ် ဘုရားကန်တော့၍ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်ဘဒ္ဒန္တဇောတိက ကလူပရိတ်သတ်အပေါင်းအား ရှစ်ပါးသီလချီးမြှင့်ပေးပြီး ဆရာတော်နှင့်သံဃာတော်အရှင်သူမြတ်များ(၉)ပါးတို့က အန္တရာယ်ကင်းပရိတ်တရားတော်များကို (ပထမ)တစ်ကြိမ် ရွတ်ပွားပူဇော်ပေးတော်မူသည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးနှင့်ဇနီးနှင့် ဌာနဆိုင်ရာအကြီးအကဲများက ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ အလှူအစုစုအတွက်ရေစက်သွန်းချအမျှဝေ သာဓုခေါ်ဆိုကြပြီး ဗုဒ္ဓသာသနံစိရံတိဌတုသုံးကြိမ် ဘုရားကန်တော့ခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်နှင့်သံဃာတော်အရှင်သူမြတ်များက မြို့တွင်းလမ်းများအတိုင်း မော်တော်ယာဉ်ဖြင့် အန္တရာယ်ကင်းပရိတ်တရားတော်များကို ရွတ်ပွားပူဇော်ပေးကြပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ ရေသယ်ယာဉ်ဖြင့် လမ်းများတစ်လျှောက် ပရိတ်ရေများပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)