ကျောင်းကုန်းမြို့၌ နှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲ ကျင်းပ

ကျောင်းကုန်း ဧပြီ  ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ ဒါးကမြစ်အတွင်းသို့ ၁၃၈၅ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့နံနက် ၈ နာရီအချိန်ခန့်က ဇီဝိတဒါနစုပေါင်း ငါးလွှတ်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးရဲမှူးအောင်နိုင်ဦး၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး နေဝင်းနောင်၊ အဖွဲ့ဝင်(၂)ဦးတင်မောင်၊ အဖွဲ့ဝင်(၃)ဦးမင်းသူအောင်၊ မြို့နယ်ငါးလုပ်ငန်း ဦးစီးမှူး ဦးဇော်လွင်နှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက ဒါးက မြစ်အတွင်းသို့(၁)လက်မအရွယ်အစား ငါးမြစ်ချင်းကောင်ရေ(၂)သောင်း ဇီဝိတဒါန စုပေါင်း ငါးလွှတ်ခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)