မဟာသင်္ကြန်ပွဲတော်ပိတ်ပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ ပြည်နယ် ၀န်ကြီးချုပ်တက်ရောက်

မော်လမြိုင် ဧပြီ ၁၇

မွန်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် မြန်မာသက္ကရာဇ်  ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပိတ်ပွဲအခမ်းအနားနှင့်  ဆုချီးမြှင့်ပွဲ အခမ်းအနားကို  ယမန်နေ့ညနေ ၆ နာရီက  မော်လမြိုင်မြို့ ကမ်းနားလမ်းဗဟိုမဏ္ဍပ်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးအောင်ကြည်သိန်း အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့၀က် ၀န်ကြီးများဌာနဆိုင်ရာများ ဖျော်ဖြေရေးနှင့် ပြိုင်ပွဲ ၀င်ယိမ်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်အစိုးရအဖွဲ့၀င် ၀န်ကြီးများက ဂုဏ်ပြုဆုရရှိကြသူများအား ဆုများပေးအပ်ပြီးမွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးမင်းနှင့် ပြည်နယ်တရားလွှတ်‌တော်တရားသူကြီးချုပ် ဦးညီညီစိုးတို့က ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား ဂုဏ်ပြုဆုငွေနှင့် ဆုဖလားများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် ပြိုင်ပွဲတွင်ယိမ်းအဖွဲ့သင်္ကြန်မယ်များက တေးသီချင်းများဖြင့် စုပေါင်းကပြဖျော်ဖြေခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်ပြည်နယ် အစိုးရအဖွဲ့၀င်၀န်ကြီးများကအခမ်းအနားသို့ တက်ရောက်လာသော ဧည့်သည်တော်များ၊ ယိမ်းအဖွဲ့များနှင့် ပြည်သူများအား အတာရေများ ပက်ဖျန်းပေးခဲ့သည်။

မွန်ပြည်နယ်အစိုးရအဖွဲ့၏  မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အား ဖျော်ဖြေရေးနှင့်ရေကစားမဏ္ဍပ်များ၊ ပြိုင်ပွဲ၀င် ယိမ်းအဖွဲ့များ၊ ဖျော်ဖြေရေးယိမ်းအဖွဲ့တို့ဖြင့် သင်္ကြန်ကာလအတွင်း ကျင်းပခဲ့ပြီး ပြည်သူများအန္တရာယ်ကင်းရှင်းစွာ ရေဆော့ကစားနိုင်စေရန်နှင့် ရေပက်ခံ ထွက်နိုင်စေရန်အတွက် ရေကစားမဏ္ဍပ်များနှင့် ဖျော်ဖြေရေးမဏ္ဍပ်များတွင်လည်း လုံခြုံရေးများနေ့စဉ်ချထားဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့်