ရေကြည် ဧပြီ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် နှစ်စဉ်ကျင်းပလျက်ရှိသည့် အသက်(၈၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲကိုယနေ့နံနက် (၈)နာရီအချိန်က စိမ်းလဲ့ရေကြည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများက ရေကြည်မြို့နယ်အတွင်းရှိအသက် (၈၀)နှစ်နှင့် အထက်သက်ကြီးဘိုးဘွား(၂၆)ဦးအားအဘိုးအဘွားတစ်ဦးလျှင် ငွေကျပ်(၃ဝဝဝဝ)နှုန်းနှင့် စားစရာလှူဖွယ်ပစ္စည်းများကို လှူဒါန်း၍ ကန်တော့ခဲ့ကြပြီး သက်ကြီးဘိုးဘွားများ ကိုယ်စားအဘိုး တစ်ဦးက ဆုံးမသြဝါဒဆုပေးစကား ပြောကြားခဲ့ကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)